လွေးထွေး၊ မေလ ၂၉ ရက်၊ မိုးကုတ်

တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ ရပ်ကွက်တစ်ခုမှာ ဦးလေးဖြစ်သူက တူမဖြစ်သူကို အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက် ည ၁၀ နာရီ ဝန်းကျင်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး တူမဖြစ်သူက အိမ်ရဲ့ အိပ်ခန်းထဲအိပ်နေချိန် ဦးလေးက ဝင်လာပြီးတော့ ခေါင်းအုံးနဲ့ဖိပြီး အဓမ္မ ပြုကျင့်ခဲ့တဲ့အပြင် တခြားသူကိုပြန်ပြောပြပါက သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

ကာယကံရှင်အမျိုးသမီးက “သမီးတို့အိမ်က ကပ်ရပ်ဘဲဆိုတော့။ အဲနေ့သူက သူ့ကလေးနေမကောင်းဘူးဆိုပြီး ကျမတို့အိမ်မှာ သူ့ကလေးနဲ့အတူ ကျမဘေးခန်းမှာ လာအိပ်တာ။ ကျမအိပ်ပျော်နေတဲ့အချိန် ဝင်လာတာ။ ကျမအဝတ်ကိုချွတ်ဖို့ လုပ်တဲ့အချိန် ကျမလန့်လို့အော်တာကို မအော်နဲ့လို့ပြောပြီး ခေါင်းအုံးနဲ့ မျက်နှာကိုဖိလိုက်တာ။ အခုက သူထွက်ပြေးနေတယ်” လို့ ပြောပါတယ်။

ကျူးလွန်သူအမျိုးသားဟာ ဦးလေးဖြစ်သူ အသက် ၄၀ ဝန်းကျင် ဦးကျော်မိုးရွှေ ဖြစ်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးဟာ အသက် ၁၇ နှစ်အရွယ် မပျော် (အမည်လွှဲ) ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်ဖို့ ကြံစည်တာကိုခံခဲ့ရပေမဲ့ အော်ဟစ် အကူအညီတောင်းလို့ လွှတ်မြောက်ခဲ့တယ်လို့လည်း ကျူးလွန်ခံရသူ အမျိုးသမီးက ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတွေကိုလည်း တိုင်ကြားထားသလို အဆင့်ဆင့်စစ်ဆေးမှုတွေလည်း ပြုလုပ်နေတယ်လို့ အမျိုးသမီးရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကလည်း တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို အစ်ကိုဝမ်းကွဲတော်စပ်သူက အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။