ဓာတ်ပုံ – Local

အိုက်ပွီး၊ မတ်လ ၇ ရက်၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဦးကင်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ ရွာလုံးကျွတ် မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ ဦးကင်းရွာကို စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်ဌာနချုပ်က မနေ့ မတ်လ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်မှာ တစ်ကြိမ်၊ ညနေ ၅ နာရီအချိန်မှာ တစ်ကြိမ် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“လူတွေက ရှိမနေတော့ ထိခိုက်တာမျိုးမရှိဘူး။ ရွာထဲက အိမ်တွေ အကုန် မီးလောင် ပျက်စီးသွားပါတယ်။ မီးငြိမ်းမယ့်သူမရှိတာရယ်၊ အချိန်မီ မီးမငြိမ်းနိုင်တာရယ်၊ ဘေးရွာတွေမှာ လူမရှိတာရယ်ကြောင့် ရွာလုံးကျွတ် မီးလောင် ပျက်စီးသွားရတာပါ။”လို့ ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဦးကင်းကျေးရွာအပြင် အနီးအနားကျေးရွာ ၄ ရွာခန့်က ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် မနေ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ရွာသူ/သားတွေ ထွက်ပြေးတိမ်းရှောင်နေကြပေမဲ့လည်း ဦးကင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိသေးဘဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ရွာသားတွေက တိုက်ပွဲဖြစ်ရင်ဆိုတဲ့ အတွေးနဲ့ ကြိုတင်တိမ်းရှောင်နေကြတာပါ။ ရွာဘက်မှာ ဘာတိုက်ပွဲမှမရှိသေးဘူး။ အခုတိုက်ပွဲဖြစ်တဲ့နေရာနဲ့ ရွာက အလှမ်းဝေးပါတယ်။ ဓညဝတီရေတပ်နဲ့ဆိုလည်း ၃ မိုင်လောက်ဝေးပါတယ်။”လို့ နောက်ထပ် ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ကျောက်ဖြူမြို့နယ် ဓညဝတီ ရေတပ်ဌာနချုပ်အနီးတဝိုက်နဲ့ ကျောက်ဖြူမြို့ ရဲတပ်ရင်း ၃၂ တို့မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ကျောက်ဖြူမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒရုန်းကို အသုံးပြုပြီး အဓိက တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။