ဓာတ်ပုံ – Local

ယာရူစိင်၊ ဧပြီ ၂၉ ရက်၊ နမ့်လန်

ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ တအာင်းအမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားကာ တစ်ဦးကို ငွေ ၃ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က အမျိုးသမီး ၂ ဦးဟာ နေရပ်ဖြစ်တဲ့ သီပေါမြို့ကို လာနေချိန် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆက်ပြောပါတယ်။

“ရွာဘက်မှာ အလုပ်ရှိလို့ သွားတာပါ။ အလုပ်ကိစ္စပြီးတော့ သီပေါမြို့ကို ပြန်မယ်ပေါ့။ နမ့်လန်ဂိတ်ရောက်တော့ မှတ်ပုံတင်ပြရတယ်။ ပလောင်လားဆိုပြီးမေးတော့ ခဏစောင့်ခိုင်းသေးတယ်။ ဘာကိစ္စနဲ့ နမ့်လန်ဘက်ကိုလာတာလဲပေါ့။ အဲတာနဲ့ပဲ ရစ်လာတယ်။ ဂိတ်စောင့်က ၂ ယောက်ပဲရှိတာ သူတို့က လုပ်စားနေတာလား မသိဘူး”

စစ်ကောင်စီတပ်က တောင်းတဲ့ ငွေပမာဏကို ‌ချက်ချင်းပေးနိုင်တာကြောင့် ဧပြီ ၂၆ ရက်‌မှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ကာယကံရှင်ဖြစ်သူက ဆက်ပြောပါတယ်။

နမ့်လန်မြို့မှာရှိတဲ့ စစ်တပ်ဂိတ်ဟာ ခရီးသွားလာသူထဲက တအာင်းလူထုတွေကိုသာ စစ်ဆေးရေး ပိုတင်းကြပ်နေကြောင်း ‌ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က လောက်ကိုင်မြို့ဘက် အလုပ်လုပ်ဖို့သွားတဲ့ တအာင်းလူငယ် ၃ ဦးကို အဲဒီစစ်ကောင်စီတပ်က ဖမ်းဆီးကာ တစ်ဦးကို ငွေ ၄ သိန်း တောင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း လင်မယား ၂ ဦးဟာ နမ္မတူမြို့မှာရှိတဲ့ သမီးဖြစ်သူဆီ အလည် လာနေချိန်မှာပဲ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီဂိတ်ကို ငွေ ၆ သိန်း ပေးကာပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။