ဓာတ်ပုံ – အင်တာနက်

ယာရူစိင်၊ ဒီဇင်ဘာ ၁၀ ရက်၊ သီပေါ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တော်လှန်ရေးအင်အားစုတွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံအမျိုးသမီး ၂ ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ ဒီဖြစ်စဉ်ကို သ်ိရှထားတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ သီပေါမြို့ မြို့လယ်ရပ်ကွက်က အသက် ၂၄ နှစ်အရွယ်နဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦးတို့က ဖမ်းဆီးစစ်ဆေးခံခဲ့ရတာဖြစ်ပြီး ဒီနေ့ဒီချိန်ထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

“သူတို့ နှစ်ယောက်လုံးက ပလောင်ပဲ။ နောက်တစ်ယောက်က သူ့ရည်းစားကောင်လေးက ပလောင်စစ်သားထဲကမလို့ ဖမ်းသွားတယ်လို့ သိရတယ်။ စစ်တပ်က ဒီလိုဖမ်းတယ်ဆိုတာလည်း သတင်းပေးထင်နေလို့ပါ” လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားက ပြောပါတယ်။

သီပေါမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးချိန်ကစပြီး တအာင်းတပ် TNLA၊ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေနဲ့ ကျေးရွာတာဝန်ရှိသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

TNLA ရဲ့ အမှတ်တံဆိပ်၊ အလံ၊ ပြက္ခဒိန်၊ တအာင်းထီလက်မှတ်၊ ဓာတ်ပုံ စတဲ့ပစ္စည်းတွေကို တွေ့ရှိရင်လည်း TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်နေတဲ့ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲနဲ့ သီပေါ စတဲ့မြို့နယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို ဆက်တိုက် ဖမ်းဆီးလာတာလို့ ဒေသခံတွေ ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။