ဓာတ်ပုံ – UWSA

မိုင်းပန်ပျော်၊ မေလ ၁၄ ရက်၊ ပန်ဆန်း

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

ဒီနေ့ မေလ ၁၄ ရက် မနက် ၈ နာရီဝန်းကျင် ပန်ဆန်းမြို့မှာ တရားစီရင်တဲ့အခမ်းအနားကိုပြုလုပ်ပြီး မြို့ပေါ်ရှိ ဒေသခံတွေခေါ်ပြီး တရားစီရင်တဲ့ အခမ်းအနားကို လာရောက်ကြည့်ရှူခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဒီကနေ့ ၈ နာရီ ဝန်းကျင်မှာပေါ့နော်။ တရားစီရင်တယ်။ အဲ့မှာ ထောက်ပို့တပ်သားနှစ်ဦး ပါတယ်။ တစ်ယောက်ကတော့ သူကိုယ်တိုင်သွားခိုးယူတဲ့လူပေါ့ နောက်တစ်ယောက်ကျ‌တော့ ကြံရာပါတာ။ အဲ့ဒီ ၂‌ ယောက်ထဲမှာ တကယ်လုပ်တဲ့လူကို သေဒဏ်ချလိုက်တယ် ကြံရာပါတာကိုတော့ နှစ်ရှည်ထောင်ဒဏ် ၁၆ နှစ် ကနေ ၂၀ နှစ်ဝန်းကျင်အထိချမှတ်ခံရတယ်။ တရားစီရင်ပွဲက ပန်ဆန်းမှာလုပ်တော့ ပန်ဆန်းမှာနေတဲ့ ဒေသခံ မိဘပြည်သူတွေအပြင် ကျောင်းသူကျောင်းသားတွေအားလုံး လာပြီးတော့ကြည့်ကြတယ်”

တရားစီရင်ခံရတဲ့ ထောက်ပို့တပ်သား ၂ ဦးဟာ UWSA ရဲ့ ထောက်ပို့ရုံးက လက်နက်တွေကိုခိုးယူပြီး တအာင်းတပ်မတော်-TNLA ဆီကို ရောင်းခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

UWSA ဘက်ကတော့ ထောက်ပို့တပ်သား ၂ ဦးက ခိုးယူတဲ့လက်နက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကိုသာ ရောင်းချခဲ့ပြီး ဘယ်အဖွဲ့လည်းဆိုတာကိုတော့ ထုတ်ပြန်‌ပြောဆိုတာမျိုးမရှိ‌သေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။