ဓာတ်ပုံ – UWSA

မိုင်းပန်ပျော်၊ မေလ ၁၄ ရက်၊ ပန်ဆန်း

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

ဒီနေ့ မေလ ၁၄ ရက် မနက် ၈ နာရီဝန်းကျင် ပန်ဆန်းမြို့မှာ တရားစီရင်တဲ့အခမ်းအနားကိုပြုလုပ်ပြီး မြို့ပေါ်ရှိ ဒေသခံတွေခေါ်ပြီး တရားစီရင်တဲ့ အခမ်းအနားကို လာရောက်ကြည့်ရှူခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဒီကနေ့ ၈ နာရီ ဝန်းကျင်မှာပေါ့နော်။ တရားစီရင်တယ်။ အဲ့မှာ ထောက်ပို့တပ်သားနှစ်ဦး ပါတယ်။ တစ်ယောက်ကတော့ သူကိုယ်တိုင်သွားခိုးယူတဲ့လူပေါ့ နောက်တစ်ယောက်ကျ‌တော့ ကြံရာပါတာ။ အဲ့ဒီ ၂‌ ယောက်ထဲမှာ တကယ်လုပ်တဲ့လူကို သေဒဏ်ချလိုက်တယ် ကြံရာပါတာကိုတော့ နှစ်ရှည်ထောင်ဒဏ် ၁၆ နှစ် ကနေ ၂၀ နှစ်ဝန်းကျင်အထိချမှတ်ခံရတယ်။ တရားစီရင်ပွဲက ပန်ဆန်းမှာလုပ်တော့ ပန်ဆန်းမှာနေတဲ့ ဒေသခံ မိဘပြည်သူတွေအပြင် ကျောင်းသူကျောင်းသားတွေအားလုံး လာပြီးတော့ကြည့်ကြတယ်”

တရားစီရင်ခံရတဲ့ ထောက်ပို့တပ်သား ၂ ဦးဟာ UWSA ရဲ့ ထောက်ပို့ရုံးက လက်နက်တွေကိုခိုးယူပြီး တအာင်းတပ်မတော်-TNLA ဆီကို ရောင်းခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

UWSA ဘက်ကတော့ ထောက်ပို့တပ်သား ၂ ဦးက ခိုးယူတဲ့လက်နက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကိုသာ ရောင်းချခဲ့ပြီး ဘယ်အဖွဲ့လည်းဆိုတာကိုတော့ ထုတ်ပြန်‌ပြောဆိုတာမျိုးမရှိ‌သေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီက ဖမ်းစီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာမှာ စစ်ကောင်စီက ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၃ ဦးကို ဖမ်းစီးထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။