ရွှေဖီမြေ၊ မေလ ၂၄ ရက်
မွန်ပြည်သစ်ပါတီ-အာဏာရှင်တိုက်ဖျက်ရေး NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်- MLA တို့က ပေါင်းစည်းလိုက်ပြီး ရာမညမွန်တပ်တော်- RMA ဖွဲ့စည်းလိုက်တယ်လို့ MLA က ဒီကနေ့ မနက်ခင်းအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
NMSP-AD နဲ့ MLA တို့ရဲ့ စစ်ရေးနိုင်ငံရေးဦးဆောင်မှုအဖွဲ့တွေပါဝင်တဲ့ NMSP-AD နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ယောက်နဲ့ ဖွဲ့စည်းပြီး ၎င်းရဲ့ ဦးဆောင်မှုနဲ့ RMA ရဲ့ စစ်ရေးဆိုင်ရာ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ အဖွဲ့ဝင် ၇ ယောက်ပါဝင်တဲ့ စစ်ကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။
NMSP-AD နိုင်ငံရေးစစ်ရေး ကော်မတီဝင်မှ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ၉ ယောက်ကို ရွေးချယ်ကာ ဥက္ကဌ နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်း၊ အတွင်းရေးမှူး နိုင်ဗညားလယ်တို့ကိုရွေးချယ်ခန့်အပ်လိုက်ပြီး စစ်ကော်မတီမှာ စစ်ဦးစီးချုပ် ဗိုမှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီးစိုးဝင်းနဲ့ ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီး ကျည်ဆံတို့ကို ရွေးချယ်ခန့်အပ်လိုက်ပါတယ်။
စစ်အာဏာရှင်အမြန်ချုပ်ငြိမ်းရေးအတွက် NMSP-AD/RMA တိုဟာ အဖိနှိပ်ခံဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများနဲ့အတူ ပူးပေါင်းတိုက်ပွဲဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်- MLA ကို စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် တအာင်းတပ်- TNLA ထံ စစ်သင်တန်းရောက်တဲ့ မွန်လူငယ်တွေက ၂၀၂၂ စက်တင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
NMSP/MNLA-AD ကလည်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်- NCAကို အယုံအကြည်မရှိတော့ဘဲ စစ်အာဏာရှင်ကို တော်လှန်ဖို့ မိခင်အဖွဲ့ဖြစ်တဲ့ NMSP/MNLA မှ ခွဲထွက်ပြီး အဖွဲ့အစည်းအသစ်တစ်ရပ်အဖြစ်ရပ်တည်မှာ ဖြစ်ကြောင်း ၂၀၂၄ ဖေဖော်ဝါရီလမှာ တရားဝင်ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- MNLA-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်- MLA တို့က ပေါင်းစည်းပြီး ရာမညမွန်တပ်တော်- RMA အဖြစ် ပြောင်းလည်ဖွဲ့စည်းလိုက်နိုက်တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။