ဓာတ်ပုံ – Local

ပျားကြီး၊ မတ် ၃ရက်၊ ရန်ကုန်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းဖို့ စာရင်းလိုက်လံကောက်နေချိန်မှာ ဓာတ်ဆီလောင်းမီးရှို့ခံခဲ့ရသူ ၂ ဦးထဲက ဆယ်အိမ်မှုးဖြစ်သူလည်း ထပ်မံ သေဆုံးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်က ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းမှာ စစ်မှုထမ်းဖို့စာရင်းလိုက်လံကောက်ယူနေချိန် နေအိမ်အတွင်းကဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တာကြောင့် စစ်ကောင်စီကခန့်ထားတဲ့ ရာအိမ်မှူးဖြစ်သူ အောင်မိုးနဲ့ ဆယ်အိမ်မှူးဖြစ်သူ နှင်းသီတာတို့ မီးလောင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ရရှိထားတဲ့ဒဏ်ရာတွေနဲ့သေဆုံးသွားတာ ဖြစ်ပါတယ်။

“အောင်မိုးက စောစောသေသွားတယ်။ ဒီနေ့မနက်တော့ နှင်းသီတာပါ ထပ်သေသွားပြီ။ အိမ်မှာအခုနာရေးပြင်နေပြီ။ အလောင်းကပုပ်ပွပြီး အရည်တွေတောက်လျောက်ကျနေလို့ မနက်ဖြန်ချက်ချင်းမသာချဖို့လုပ်နေတယ်”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီးရှို့ခံခဲ့ရသူတွေထဲက ရာအိမ်မှူးဖြစ်သူ အောင်မိုးဟာဖေဖော်ဝါရီလ ၂၆ ရက်နေ့ကတည်းက မီးလောင်ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး နှင်းသီတာကတော့ ဒီနေ့မနက်ပိုင်းမှ နေအိမ်မှာသေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို အဓမ္မစစ်မှုထမ်းစာရင်း လိုက်လံကောက်ယူနေတဲ့ ရာအိမ်မှူးနဲ့ဆယ်အိမ်မှူးတို့ကို ဓာတ်ဆီနဲ့လောင်းပြီးမီးရှို့ခဲ့တဲ့ တရားခံကို စစ်ကောင်စီက ဖမ်းယူနိုင်ခြင်း မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။