ပို့လဘား၊ အောက်တိုဘာ ၁၆ ရက်၊ ကျိုင်းတုံ
ရှမ်းအရှေ့ ကျိုင်းတုံမြို့မှာ အမျိုးသား၂ ဦးက ကားတိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ အောက်တိုဘာလ ၁၅ ရက် ညနေ ၆ နာရီမှာ ကျိုင်းတုံမြို့ အ.ထ.က (၄) ကျောင်းအနားမှာ ဆိုင်ကယ်ပျက်နေတဲ့ အမျိုးသားနှစ်ဦးကို ကားတစ်စီးက ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဆိုင်ကယ်ပျက်လို့ သူတို့နှစ်ယောက် ဆိုင်ကယ်တွန်းလာတာ။ ကားတစ်စီးက ဝင်တိုက်ပြီး ထွက်ပြေးသွားတယ်။ တိုက်ခံရသူ ၂ ဦးစလုံး အဲမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်” လို့ ဆိုပါတယ်။
ကားတိုက်ပြီး ထွက်ပြေးသွားပြီး ကားသမားကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာတော့ မရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါ အမျိုးသားအလောင်း ၂ လောင်းကိုတော့ ကျိုင်းတုံမြို့က နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းတို့က သယ်ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။