လွေးလာဝ်ဇာရ်၊ မေလ ၂၇ ရက်၊ ရပ်စောက်
ရှမ်းတောင် ရပ်စောက်မြို့နယ် အင်တောမြို့က လွယ်ဟောင်းကျေးရွာမှာ အမျိုးသား ၂ ဦးက မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ဦးမောင်ဒဆိုသူဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်မှာ ငါးဖမ်းဖို့ သွားရင်း မိုင်းနင်းမိခဲ့တာဖြစ်ပြီး အသက် ၄၁ နှစ်အရွယ် ဦးမောင်ခင်ဆိုသူကလည်း ပြီးခဲ့တဲ့ မေလ ၁၄ မှာ တောထဲ ကျွဲသွားရှာရင်း မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
“ဖြစ်တာက နှစ်ယောက်ဖြစ်နေတာ။ တစ်ယောက်က ငါးဖမ်းသွားရင်းနဲ့ နင်းမိတာ။ နောက်တစ်ယောက်က ကျွဲသွားရှာရင်းနဲ့ နင်းမိတာ။ ဒဏ်ရာကတော့ နှစ်ယောက်လုံး ပြင်းထန်တယ်။ ငါဖမ်းတဲ့တစ်ယောက်ကျ သူ့ခေါင်းတောင် ရွဲ့သွားတယ်လို့ ပြောတယ်။ ကျွဲရှာတဲ့တစ်ယောက်က သူ့ပေါင်မှာ အပေါက်အကြီးကြီးဘဲ။ သူမျက်လုံး တစ်ဖက်ထိတော့ မမြင်ရတော့ဘူး။ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်မှာ မိုင်းအစတွေဘဲ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မိုင်းနင်းမိသူ နှစ်ဦးထဲက ဦးမောင်ခင်ဆိုသူကတော့ လက်ရှိ အင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ဦးမောင်ဒဆိုသူကတော့ နေအိမ်မှာဘဲ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
၎င်းတို့နှစ်ဦး မိုင်းနင်းမိခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီတပ်နဲ့ ဓနုတပ် DPLA တို့ သွားလာလှုပ်ရှားတဲ့ နေရာတွေ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။