လွေးလာဝ်ဇာရ်၊ မေလ ၂၇ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ် အင်တောမြို့က လွယ်ဟောင်းကျေးရွာမှာ အမျိုးသား ၂ ဦးက မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ဦးမောင်ဒဆိုသူဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်မှာ ငါးဖမ်းဖို့ သွားရင်း မိုင်းနင်းမိခဲ့တာဖြစ်ပြီး အသက် ၄၁ နှစ်အရွယ် ဦးမောင်ခင်ဆိုသူကလည်း ပြီးခဲ့တဲ့ မေလ ၁၄ မှာ တောထဲ ကျွဲသွားရှာရင်း မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

“ဖြစ်တာက နှစ်ယောက်ဖြစ်နေတာ။ တစ်ယောက်က ငါးဖမ်းသွားရင်းနဲ့ နင်းမိတာ။ နောက်တစ်ယောက်က ကျွဲသွားရှာရင်းနဲ့ နင်းမိတာ။ ဒဏ်ရာကတော့ နှစ်ယောက်လုံး ပြင်းထန်တယ်။ ငါဖမ်းတဲ့တစ်ယောက်ကျ သူ့ခေါင်းတောင် ရွဲ့သွားတယ်လို့ ပြောတယ်။ ကျွဲရှာတဲ့တစ်ယောက်က သူ့ပေါင်မှာ အပေါက်အကြီးကြီးဘဲ။ သူမျက်လုံး တစ်ဖက်ထိ‌တော့ မမြင်ရတော့ဘူး။ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်မှာ မိုင်းအစတွေဘဲ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိသူ နှစ်ဦးထဲက ဦးမောင်ခင်ဆိုသူကတော့ လက်ရှိ အင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ဦးမောင်ဒဆိုသူကတော့ နေအိမ်မှာဘဲ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

၎င်းတို့နှစ်ဦး မိုင်းနင်းမိခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီတပ်နဲ့ ဓနုတပ် DPLA တို့ သွားလာလှုပ်ရှားတဲ့ နေရာတွေ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။