ဓာတ်ပုံ – CJ

ပို့လဘား၊ ဇူလိုင် ၂၆ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအနီးက သတ္တုတွင်းတစ်ခုမှာ အမျိုးသား ၂ ဦး အောင်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ‌ဇူလိုင်လ ၂၃ ရက်မှာ နမ့်ဖက်ကာကျေးရွာအနီးက ဟန်ကိုင်ကျေးရွာမှာရှိတဲ့ သတ္တုဟောင်းတစ်ခုမှာ အမျိုးသား ၂ ဦးက တွင်းထဲကနေ ရေစုပ်ထုတ်‌နေချိန်မှာပဲ အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

“အဲဒီသတ္တုတွင်းက ပိတ်တာကြာပြီ။ ၆ နှစ်လောက်တောင် ရှိပြီ။ သူတို့ ဘာဝင်လုပ်လဲ‌တော့ မသိဘူး။ ၃ ယောက် ဝင်သွားတယ်။ တစ်ယောက်က အပြင်ရောက်နိုင်လို့ လွတ်သွားတယ်။ တစ်ယောက်က အထဲမှာသေတယ်။ နောက်တစ်ယောက်ကျတော့ အပေါက်ဝနားမှာ သေသွားတယ်။ သူတို့က ရှမ်းနဲ့ ကချင်”

သေဆုံးသွားသူ အမျိုးသား ၂ ဦးထဲမှ တစ်ဦးဟာ အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဦးဆိုင်လီနဲ့ နောက်တစ်ဦးကတော့ အသက် ၃၀ နှစ်အရွယ်ရှိတဲ့ ဦးအိုက်မောင်ထွန်းတို့ဖြစ်ကြပြီး မနေ့ ဇူလိုင် ၂၅ ရက်မှာ မီးသဂ်ြုလ်ပေးလိုက်တာလို့ ပြောပါတယ်။

အဲဒီနေရာဟာ အရင်က တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖော်တဲ့ နေရာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ကိုးကန့်တပ်မတော် MNDAA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တပ်စွဲထားတဲ့ နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။