ဓာတ်ပုံ- CJ

မြတ်နိုး၊ စက်တင်ဘာ ၂၂ ရက်၊ ဆော့လော်

ကချင်ပြည်နယ် ဆော့လော်မြို့နယ် လာချင်ကျေးရွာအုပ်စု လာချင်ခေါ် လန်ဆယ်မှာ ဒီနေ့ စက်တင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီခန့်က စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား နှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ်။ ခုဏက ၂ နာရီကျော်ခန့်က ဒီမြောက်ဘက် ပျံတက်လာတဲ့ ဖိုက်တာ ၁ စီးနဲ့ လာကြဲ သွားတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တာဝန်ရှိသူတွေက ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိရှိဖို့ သတိပေး ပြောဆိုထားတာ ရှိပေမဲ့ ဒေသခံတချို့က မကြုံဖူးတော့ သတိမထားကြဘူးလို့ ဆိုပါတယ်။

“တပ်အချင်းချင်း၊ ရန်သူအချင်းချင်းပဲ ကြဲလေ။ အဲလို ရမ်းသမ်း ကြဲနေရင်တော့ ဘယ်မှာပုန်းပုန်း လွတ်မှာမဟုတ်ဘူး။ ထိနေမှာပဲ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

‌လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား နေအိမ်တစ်အိမ် ထိမှန်ကာ ဒေသခံ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ သူက ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်ကစ ခေါင်လန်ဖူးဘက်ကနေ လန်ဆယ်ဘက် ဦးတည်ပြီး စစ်ကြောင်း ထိုးနေတဲ့ စစ်တပ်၊ ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား လမ်းမှာ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လန်ဆယ်ဒေသကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ကာ ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။