ဓာတ်ပုံ- CJ

မိုင်းရူပ၊ နိုဝင်ဘာ ၉ ရက်၊ သပိတ်ကျင်း

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ထဲ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်တပ်က သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို ဂျက်လေယာဉ်နဲ့ ဗုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတစ်ယောက် ထိသွားတယ်။ လေကြောင်းကတော့ နှစ်ရက်ရှိပြီ လာကြဲတာ။ စဉ့်ကူး လိပ်ကျအောက်ဘက်တော့ နေ့တိုင်း ကြဲနေတာ။ ဒရုန်းနဲ့လည်း ဆက်တိုက် ကြဲနေတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းမှာလည်း စဉ့်ကူးမြို့နယ် ရွှေပြည်၊ ညောင်ကုန်းနဲ့ ရွှေပန်းတောရွာကို ဗုံးပတ်ကြဲခဲ့ရာ သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။

စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်အပါအဝင် သပိတ်ကျင်း၊ မတ္တရာမြို့နယ်ထဲ ထိုးစစ်ဆင်မှု ဆက်တိုက် လုပ်ဆောင်နေသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကိုလည်း ဆက်တိုက် ပြုလုပ်နေပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ မတ္တရာမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။

စစ်တပ်ဘက်ကတော့ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ထဲ လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။