လွေးဇွန်မိုး၊ ဒီဇင်ဘာ ၁ ရက်၊ ကွတ်ခိုင်

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ညက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားခဲ့တဲ့ အချုပ်သား ၃၇ ဦးထဲမှာ သက်ငယ်မုဒိန်းကျူးလွန်ခဲ့တဲ့ အမျိုးသား ၂ ဦး ပါဝင်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ထွက်ပြေးသွားတဲ့ အချုပ်သားတွေထဲမှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၈) ရှိ ရွှေကွတ်ခိုင် အထူးကုဆေးခန်းက အလုပ်သမားဖြစ်တဲ့ အမျိုးသမီးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ ဆေးခန်းပိုင်ရှင် အသက် ၃၇ နှစ်ဝန်းကျင် ဒေါက်တာအောင်ဖြိုးနိုင်လည်း ပါဝင်တယ်လို့ ကွတ်ခိုင်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ခံ ဒေါ်ခမ်းမတ်က ပြောပါတယ်။

“အဲဟာက ပြေးသွားပြီ။ ပြေးသွားလို့ အဲကောင်တောင် မန္တလေးရောက်နေပြီလေ။ အမှုကတော့ ဒီကလေးမနဲ့ ပတ်သက်ပြီးတော့ တစ်လအတွင်းမှာ ဝရမ်းပြေးထုတ်ပေးဖို့ တရားရုံးကတော့ ရဲတွေကို အဲလိုညွှန်ကြားလိုက်တာပေါ့။ ဝရမ်းထုတ်ပြီးမှ သူ့ဓာတ်ပုံတွေကို နေရာတကာ လိုက်ကပ်ပါတဲ့။ အဲလိုတော့ ပြောထားတယ်။ ဒါပေမယ့် အခုချိန်ထိတော့ ဘာမှကပ်တာတွေ လုပ်တာတွေ မမြင်ရသေးဘူး။ ကလေးမကိုကျတော့(အဓမ္မပြုကျင့်ခံရသူ) ကျမတို့က လုံခြုံတဲ့နေရာမှာ ထားပြီးမှ အခု သူ့ရဲ့စိတ်ဒဏ်ရာကို ကုရဖို့ သူ့ဝါသနာပါတဲ့ လုပ်ငန်းတစ်ခုမှာ သူ့ကို ပို့ထားတာပေါ့နော်”

နိုဝင်ဘာ ၁ ရက်ညက ထောင်ဖောက်ထွက်ပြေးတဲ့အထဲမှာ ကွတ်ခိုင်က မယားပါသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားလည်း ပါသွားတယ်လို့ ဆိုပါတယ်။

အခုလို အဓမ္မပြုကျင့်တဲ့ တရားခံတွေ ထွက်ပြေးလွတ်မြောက်နေတာကြောင့် ပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိဘူးလို့ ဒေါ်ခမ်းမတ်က ဆက်ပြောပါတယ်။

“လွတ်မြောက်လာတဲ့ အမျိုးသမီးတွေ ကာယကံရှင်ဘက်မှာဆိုလည်း လုံခြုံမှုမရှိဘူး။ အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ကျမတို့က ရဲဆိုရင် ရဲဌာနရဲ့ ကျင့်ဝတ် လုပ်ထုံးလုပ်နည်း ဉပဒေကို တိတိကျကျ လိုက်နာတာမျိုး တာဝန်ယူ တာဝန်ခံတဲ့ ဌာနကိုပဲ ကျမတို့က လိုချင်တာပေါ့နော်။ အခုဟာက သူတို့က အရမ်းကြီးပေါ့ဆတယ်။ တာဝန်ယူ တာဝန်ခံမှုလည်း မရှိဘူး။ သူတို့ရဲ့လုပ်ရက်တစ်ခုကြောင့်မို့ အများကြီးရဲ့ ပုံရိပ်တွေ ကျဆင်းစေတယ်လေ။ အခြားလူမျိုးတွေဆိုရင်လည်း သူတို့ကို အားကိုးချင်တဲ့ စိတ်မရှိတော့ဘူး”

အလားတူ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ကွတ်ခိုင်မြို့နယ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ညမှာပဲ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်ကနေ အခု ၂၀၂၅ ခုနှစ်အထိ ၂ နှစ်ဝန်းကျင်အတွင်း ကွတ်ခိုင်မြို့နယ်မှာ TNLA ဖမ်းဆီးထားခဲ့တဲ့ မုဒိန်းမှုတရားခံအမျိုးသား ၄ ဦးနဲ့ လူကုန်ကူးမှု ကျူးလွန်ထားတဲ့ တရားခံ အမျိုးသမီး ၂ ဦး အချုပ်ထောင်ကနေ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။