ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

ပို့လဘား၊ ဒီဇင်ဘာ ၁၃ ရက်၊ ကမ္မမြို့

မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ဝန်းကျင်မှာ မြိုင်မြို့နယ် ကန်သစ်ရွာကနေ ပခုက္ကူမြို့နယ် ကမ္မမြို့ဘက်ကို စစ်ကောင်စီတပ်က အင်အား တစ်ရာကျော်နဲ့ ရောက်ရှိလာပြီး ကမ္မရဲစခန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

“သူတို့ ကမ္မရဲစခန်းရောက်ပြီး လက်နက်ကြီးတွေပစ်ခတ်နေကြတာ။ လင်မယားနှစ်ယောက်က နေအိမ်ထဲမှာပဲ နေကြတာ။ နေအိမ်ပေါ်ပစ်လိုက်တဲ့သဘောမျိုးပါပဲ။ သူတို့လင်မယားနှစ်ယောက်ထိပြီး အမျိုးသမီးက ဒဏ်ရာပြင်းထန်တယ်။ နေအိမ်တွေကိုလည်း မီးရှို့သွားတာရှိတယ်။ အရေအတွက်ကိုတော့ မသိရသေးဘူး” လို့ ဆိုပါတယ်။

သေဆုံးသွားခဲ့တဲ့ အမျိုးသားနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ အသက် ၅၅ နှစ် ဝန်းကျင်သာ ရှိတဲ့ ဒေသခံတွေ ဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ပခုက္ကူတပ်မ (၁၀၁)ကနေ ထွက်ခွာလာပြီးနောက် ပခုက္ကူမြို့နယ်တစ်လျှောက်ကို စစ်ကြောင်းထိုးလာနေပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာရှိသလို သတ်ဖြတ်ခဲ့တာတွေကိုလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း မြိုင်အရှေ့ဘက်ခြမ်းရှိ ၄ နှစ်နီးပါးကြာ စစ်ရှောင်နေတဲ့ ကင်းရွာခံရဲ့ ကောက်သီးပဲနှံ သိမ်းဆည်းထားတဲ့ ယာတော ၈ လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။