ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ ဖေဖော်ဝါရီ ၂၂ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့ ဝိန်းဆာရပ်ကွက်မှာ အုတ်တံတိုင်း ပြိုကျတာကြောင့် မန်ဂူသီး ခူးနေတဲ့ ကလေးငယ်နှစ်ဦးကို ပိမိရာကနေ တစ်ဦးသေဆုံးပြီး တစ်ဦးက ဒဏ်ရာ ရခဲ့ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၉ နာရီခန့်မှာ ယောက်ျားလေးနှစ်ဦးက မန်ဂူသီး ခူးစားဖို့ အုတ်တံတိုင်းပေါ် တက်ရာကနေ အုတ်တံတိုင်း ပြိုတာကြောင့် ထိခိုက်သေဆုံးခဲ့ကြတာလို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့က ကျောင်းတက်နေရင်းနဲ့ သူတို့ သူငယ်ချင်း ၃ ယောက်က မန်ဂူသီး ခူးစားမလို့ အုတ်တံတိုင်းပေါ် တက်တာ။ အဲဒီအုတ်တံတိုင်းက ဟောင်းနေပြီ။ အုတ်တံတိုင်း မခံဘူးပေါ့။ ပြောရမယ်ဆိုရင် သူက အဲဒီအုတ်တံတိုင်းပေါ် တက်ပြီး အဲဒီအသီး ခူးဖို့ပေါ့။ အုတ်တံတိုင်းက ပြိုကျတာ။ သူ့ကိုဖိပြီး သေသွားတာ။ တစ်ယောက်ကျတော့ ခြေထောက် ဖိပြီး ဒဏ်ရာ ရသွားတယ်။ နောက်တစ်ယောက်က ဘာမှမဖြစ်ဘူး”

အုတ်တံတိုင်း ပြိုပိရာကနေ ဦးခေါင်းနဲ့ ရင်ဘတ် ထိပြီး သေဆုံးသွားတဲ့ ကလေးငယ်ဟာ ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ မောင်ကျောက်လောက်ဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူကတော့ ၇ နှစ်အရွယ် မောင်တင်ဝင်းဆိုသူပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ နမ်ခမ်းမြို့ ဝိန်းဆာရပ်ကွက်မှာ နေထိုင်ကြတဲ့ တရုတ်လူမျိုး ဖြစ်တယ်လို့လည်း သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။