ဓာတ်ပုံ- ပြင်ဦးလွင်ခရိုင် ပကဖ

လွေးထွေး၊ ဇွန်လ ၂ ရက်၊ စဉ့်ကူး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက ရွာ ၂ ရွာကို တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီက အပစ်အခတ် ရပ်စဲကြောင်း နောက်ထပ် ၁ လ တိုးလိုက်တဲ့ မနေ့ ဇွန်လ ၁ ရက် နေ့လယ် ၂ နာရီခန့်မှာ စဉ့်ကူးမြို့နယ် နွယ်ရုံနဲ့ နတ်တောင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ဦး ဒဏ်ရာ ရခဲ့သလို Lucky 7 ဟိုတယ်အပါအဝင် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံတစ်ဦးက “ထိမှန်တဲ့သူတွေက ရွာခံတွေပဲ ဖြစ်တယ်။ ဟိုတယ်က မဖွင့်ထားဘူးလေ။ ထိတဲ့ အမျိုးသမီးတွေလည်း လူလတ်ပိုင်းတွေပဲ ဖြစ်တယ်။ အခု သူတို့ကို အရေးပေါ် ဆေးကုပေးနေရတယ်” လို့ ပြောပါတယ်။

စဉ့်ကူးမြို့ဟာ တော်လှန်ရေးတပ်တွေ အလုံးစုံ ထိန်းချုပ်ထားတဲ့မြို့ ဖြစ်တာကြောင့် တိုက်ပွဲ မရှိတော့ပေမဲ့ မြို့အနှံ့မှာ တော်လှန်ရေးတပ်တွေရှိကြောင်း စစ်တပ်ဘက်က ယူဆလို့ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာလို့ သူက ဆက်ပြောပါတယ်။

အလားတူ မနေ့ ဇွန်လမနက် ၈ နာရီခန့်ကလည်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ် ၄ မိုင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင် ပျက်စီးခဲ့ပါတယ်။

ဧပြီလကနေ မေလ ၁၇ ရက်အထိ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း စတဲ့မြိုနယ်တွေကို လေကြောင်း တိုက်ခိုက်မှု ၅၇ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား ၇၂ ဦး သေဆုံးခဲ့ပြီး ၁၄၁ ဦး ဒဏ်ရာ ရခဲ့ကြောင်း မေလ ၁၇ ရက်မှာ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။