ယာရူစိင်၊ အောက်တိုဘာ ၃ ရက်၊ သီပေါ
PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ အောက်တို့ဘာ ၂ ရက် ည ၁၀ နာရီ ၁၅ မိနစ်မှာ သီပေါမြို့ စံဖိတ်ကွက်သစ်ရှိ ကုမုဒြာဟိုတယ်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဟိုတယ်ရဲ့ အနောက်ခြမ်းဘက် ကျတာ။ အဲအဆောက်အဦးတော့ ထိတယ်။ အဲဘက်ကျ အိမ်တွေလည်း မရှိဘူး။ တောင်ယာတွေနဲ့ သင်္ချိုင်းကုန်းတွေပဲ ရှိတာ” လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကနေ ဒီနေ့ အောက်တိုဘာ ၃ ရက်အထိ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီ ဖြစ်ပါတယ်။
မနေ့မနက် ၇ နာရီ ၁၅ မိနစ်မှာလည်း နမ္မတူမြို့ ရပ်ကွက်(၈)ရှိ လူနေ ထူထပ်တဲ့နေရာကို ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။