ဓါတ်ပုံ – Facebook

အိုက်ပွီး၊ ဇန်နဝါရီ ၆ ရက်၊ ချင်းပြည်

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်ဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေ ပြန်လည်နေရာယူထားတဲ့ တီးတိန်မြို့နယ်၊ တီးတိန် – ကလေး ကားလမ်းမပေါ်ရှိ ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲမှာ ဇန်နဝါရီလ ၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

“ကနေဒီတောင်ကို ပြီးခဲ့တဲ့လက တီးတိန်မြို့ကနေ စစ်ကောင်စီ အင်အားရာနဲ့ချီ စစ်ကြောင်း ထိုးပြီး နေရာပြန်ယူတယ်။ အဲတုန်းက တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်ဆုတ်ပေးသွားတယ်။ ဒီဇင်ဘာလ ၂၇ ရက်မှာ ပြန်တိုက်ပါတယ်။ ဇန်နဝါရီလ ၄ ရက်မှာ ကနေဒီတောင် ပြန်ရတယ်။ အဲတိုက်ပွဲမှာ စစ်ကောင်စီ ၁၀ ဦး အရှင်ဖမ်းမိတယ်။” လို့ ရှေ့တန်းစစ်ရေးသတင်းရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

အလားတူ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဇန်နဝါရီလ ၄ ရက်နေ့က ခွါလ်လီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးအရှင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“မနေ့က တနေ့ကုန် တိုက်ပွဲပြင်းထန်တယ်။ ခွါလ်လီရွာမှာ ရောက်လာပြီး စခန်းထိုင်တဲ့ စစ်ကောင်စီ စခန်းကုန်း ၂ ခုကို သိမ်းပိုက်ရရှိထားပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ ၂ ဦးကို အရှင်ဖမ်းမိထားပါတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်။” လို့ ရှေ့တန်းစစ်ရေးသတင်းရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

တီးတိန်မြို့နယ်နဲ့ ဖလမ်းမြို့နယ် တိုက်ပွဲကို ချင်းညီနောင် (CB) နဲ့ ချင်းပြည်အစိုးရ (CC) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ခွါလ်လီကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများပြားကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။