ပို့လဘား၊ ဩဂုတ် ၁၄ ရက်၊ မိုးကုတ်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နဲ့ မိုင်းလုံမြို့ ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပြုပြီဖြစ်ကြောင်း သိရပါတယ်။
မိုးကုတ်မြို့ကနေ မိုင်းလုံဘက်သွားမယ့် ယာဉ်တွေအနေနဲ့ မ ဂဏန်းဖြစ်တဲ့ ၁ ရက်၊ ၃ ရက်၊ ၅ ရက် စတဲ့ရက်သာ ဖြတ်သန်းသွားလာရမှာဖြစ်ပြီး မိုင်းလုံကနေ မိုးကုတ်ဘက်သွားမယ့် ယာဉ်တွေကတော့ စုံဂဏန်းဖြစ်တဲ့ ၂ ရက်၊ ၄ ရက်၊ ၆ ရက် စတဲ့ရက်မှာသာ ဖြတ်သန်းသွားလာရမှာ ဖြစ်ပါတယ်။
“ဖွင့်တာတော့ မနေ့နဲ့ တမြန်မနေ့ကတည်းက ဖွင့်တာ။ ဘယ်ကားမဆို အကုန်သွားလာလို့ရပြီ။ ကုန်တင်ကားတွေရော၊ ကားကြီးတွေရော သွားလာလို့ရပြီ။ အခုသူတို့သတ်မှတ်ထားတာတော့ အဆင်းဆိုရင် မ ဂဏန်းနဲ့ အတက်ဆိုရင် စုံ ဂဏန်းနဲ့ သွားရမယ်” လို့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ် လမ်းပိုင်းဟာ ဆိုးရွားစွာ ပျက်စီးနေပြီး နေ့စဉ်လိုလို ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။
မိုးရွာမှုကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားတွေကို ပြန်လည်ပြုပြင်ဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၅ ရက်အထိ လမ်းပိုင်းတချို့ ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ပင်ခဲ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။