ရွှေဖီမြေ၊ ဇန်နဝါရီ ၂၇ ရက်၊ တောင်ကုတ်

ရက္ခိုင်ပြည် တောင်ကုတ်၊ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ အာရက္ခတပ်တော်- AA နဲ့ စစ်တပ်တို့ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်စခန်းတွေကို AA ဘက်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

တောင်ကုတ်မြို့နယ်ထဲက ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ မိုးထိတောင် စစ်စခန်းကို ဇန်နဝါရီ ၂၁ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ငါးရက်ခန့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်း AA သိမ်းပိုက်ထားတဲ့ ပွိုင့် ၂၆၃ စခန်းကို စစ်တပ်က ဒီနေ့လယ် ၁ နာရီခွဲကျော်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူနဲ့အတူ ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ပွိုင့် ၂၆၃ စခန်းကို မ​နေ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ် ၂ နာရီကျော်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်က ပွိုင့် ၃၆၉ စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်စီးရိုးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) ဒီနေ့မှာ စစ်ကောင်စီ ခမရ ၄၁၉၊ ၁၄ ပူးပေါင်းစစ်ကြောင်းနဲ့ AA တို့ နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်က ဂုတ်စီးရိုးရွာဘက် ဆုတ်ခွာခဲ့တာကြောင့် AA တပ်ဖွဲ့ လိုက်လံရှင်းလင်းတိုက်ခိုက်ရာ စစ်သားအလောင်းနဲ့ လက်နက်ခဲယမ်းတချို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုလည်း နေ့တိုင်း ရှိနေကြောင်း ဆက်လက် ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။