ရွှေဖီမြေ၊ အောက်တိုဘာ ၂၉ ရက်
တအာင်းတပ် – TNLA က မိုးကုတ်မြို့ကို ပြန်လက်လွှတ်မယ်လို့ ဆိုထားပေမဲ့ မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်ကတော့ စစ်ကောင်စီတပ်ရဲ့ ကောက်ကျစ်၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြောက်ရွံ့နေမှာမဟုတ်ဘဲ ဆက်လက်တော်လှန်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၉ ရက်မှာ တပ်ဖွဲ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုဂရေစီစနစ် ပေါ်ထွန်းရေးအတွက် အခြားမိုးကုတ်အခြေပြု တော်လှန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ဆက်လက်တော်လှန်မယ်လို့ ထုတ်ပြန်ခဲ့တာပါ။
မိုးကုတ်ဗျူဟာတပ်ဖွဲ့ဟာ ရှမ်း – မန်း စစ်ဆင်ရေးအတွင်းမှာ အခြားမိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ MDY PDF တို့နဲ့အတူ တိုက်ပွဲဆင်နွဲခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
TNLA ဖက်က မိုးကုတ်မြို့ကို လက်လွှတ်ရမယ်လို့ ထုတ်ပြန်ပြီးနောက် နာရီပိုင်းအတွင်းမှာပဲ ဘယ်လိုအခက်အခဲရှိစေကာမူ စစ်ကောင်စီကို ဆက်လက်တော်လှန်မယ်လို့ မိုးကုတ်ဗျူဟာတပ်နဲ့ MDY PDF တို့က ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။