မိုင်းရူပ၊ မေလ ၂၂ ရက်

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေမှာ ကားလိုင်စင်တွေ ပြုလုပ်ပေးမှာဖြစ်ပြီး ၂ သိန်းကျပ်ကနေ ၅ သိန်းကျပ်အထိ ဝန်ဆောင်ခပေးရမယ်လို့ တအာင်းတပ်က ဒီနေ့ မေလ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကားလိုင်စင်တွေကို လာမယ့် မေလ ၂၅ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ PSLF/TNLA ရဲ့ မော်တော်ယာဥ် မှတ်ပုံတင်ကြီးကြပ်ရေးဌာနက ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

နမ့်ခမ်းနဲ့ နမ့်ဆန်မြို့နယ်တွေမှာ အရင်ဆုံး ပြုလုပ်ပေးမှာဖြစ်ပြီး ကျန်မြို့နယ်တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို လိုင်စင်ပြုလုပ်တဲ့ စီမံချက်ကာလ ပြီးဆုံးရင် ကားလိုင်စင်မရှိတဲ့သူတွေကို အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

ကားလိုင်စင်တွေကို TNLA ထိန်းချုပ်ဒေသမှာ ဖြတ်သန်းသွားလာတဲ့ ကားတွေအားလုံး ပြုလုပ်ရမှာဖြစ်ပြီး လိုင်စင်သက်တမ်း ၂ နှစ် သတ်မှတ်ထားတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

“တအာင်းဒေသမှာ ဖြတ်သန်းသွားလာတဲ့ ယာဉ်များ မှတ်ပုံတင် လိုင်စင်ပြုလုပ်ရမယ်။ လိုင်စင်သက်တမ်းက ၂ နှစ်ပါ” လို့ ဆိုပါတယ်။

ကားလိုင်စင် ပြုလုပ်ရတာဟာ မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု၊ ရောင်းဝယ်မှု၊ ယာဉ်တိုက်မှု၊ ယာဉ်ပျောက်ဆုံးမှု အစရှိတဲ့ ပြဿနာတွေ လျော့ကျစေမှာဖြစ်ပြီး မော်တော်ယာဥ်တွေ စနစ်ကျအသုံးပြုနိုင်ဖို့အတွက်လည်း ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။

PSLF/TNLA ဟာ လက်ရှိမှာ ရှမ်းမြောက် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို ထိန်းချုပ်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားလည်း လည်ပတ်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။