ဓာတ်ပုံ- TNLA

ရွှေဖီမြေ၊ ဧပြီ ၂၅ ရက်၊ နမ့်ဆန်

တအာင်းဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာမှာ အုပ်စုဖွဲ့ ဆိုင်ကယ် လိုက်ခိုးနေတဲ့ အမျိုးသား ၅ ဦးကို ခိုးယူထားတဲ့ ဆိုင်ကယ် ၇ စီးနဲ့အတူ ဖမ်းမိခဲ့ကြောင်း တအာင်းတပ်- TNLA က ဒီနေ့ ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး မြို့သစ်ရွာအနီးက ဒေသခံရဲ့ ဆိုင်ကယ်တွေကို လိုက်ခိုးနေပြီး ဈေးနှုန်း ချိုချိုသာသာနဲ့ ပြန်ရောင်းနေတာ ရှိတယ်လို့ ဒေသခံတွေက လာရောက် တိုင်ကြားတာကြောင့် မြို့နယ်ရဲတပ်ဖွဲ့က ဒေသခံနဲ့ ပူးပေါင်းပြီး ဧပြီ ၃ ရက်မှာ ဆိုင်ကယ်သူခိုး ၅ ဦးနဲ့အတူ ဆိုင်ကယ် ၇ စီးလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသား ၅ ဦးဟာ အသက် ၂၄ နှစ်အရွယ် မိုင်းအမောင်၊ ၁၄ နှစ်အရွယ် မိုင်းကျော်သူ၊ ၁၆ နှစ်အရွယ် မိုင်းနေထက်လင်း၊ ၂ဝ အရွယ် မိုင်းမျိုးအောင်နဲ့ ၂၂ နှစ်အရွယ် မိုင်းချမ်းထိုက်စံတို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို ပိုင်ရှင်ထံ ပြန်လည် ပေးအပ်ခဲ့ပြီး ခိုးမှု ကျူးလွန်ထားတဲ့ အမျိုးသား ၅ ဦးကိုတော့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

နမ့်ဆန်မှာ ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်ကတည်းက အုပ်စုလိုက်ဖွဲ့ပြီး ဆိုင်ကယ် ခိုးယူတာတွေ ရှိခဲ့ရာကနေ TNLA ထိန်းချုပ်ပြီးနောက် လျော့ကျလာပေမဲ့ အခု အုပ်စုလိုက် ဆိုင်ကယ် ခိုးယူနေတဲ့ဖြစ်စဉ် ထပ်မံ ဖြစ်ပွားလာတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။