ဓာတ်ပုံ – TNLA

မိုင်းရူပ၊ မတ်လ ၄ ရက်၊ မိုးကုတ်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က မနေ့ မတ်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေကို TNLA က ၆ လကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

၆ လကြာ အကျင့်စာရိတ္တပြုပြင်ပေးပြီးပြန်လွှတ်ပေးသူတွေဟာ မူးယစ်ဆေးတွေ ထပ်မံသုံးစွဲရင် အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ နောက်ထပ် ၃ နှစ်ကြာ နေရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိ မိုးကုတ်မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ အရင်ကထက် ပိုလျော့နည်းလာတာတွေ့ရပြီး KTV ဆိုင်တွေမှာတော့ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်တင်တင်ဆက်ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဓိက အဆိုးဆုံးကတော့ KTV တွေမှာပေါ့။ “K” တို့ ရွှေတို့ကတော့ မိုးကုတ်မှာ အခြေအနေ တော်တော်ဆိုးနေတယ်။ KTV တွေမှာ တင်းကြပ်လိုက်မယ်ဆိုရင်တော့ တော်တော် လျော့လာမယ်” လို့ မိုးကုတ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လ ၂၅ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁,၉၂၃) ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။