ဓာတ်ပုံ – PSLF/TNLA

ရွှေဖီမြေ၊ ဇန်နဝါရီ ၂၈ ရက်

တအာင်းတပ်မတော်- PSLF/TNLA က အပတ်စဥ်(၃) ATA ဗိုလ်သင်တန်းကျောင်းသားတွေအတွက် ရာထူးတိုးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်‌က တအာင်းဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ မနေ့ ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

အပတ်စဉ်(၃) ဗိုလ်သင်တန်းကျောင်းဟာ ၅ နှစ်ကျော်သင်တန်းဖြစ်ပြီး ၃ နှစ်ကျော် သင်တန်းကာလ ပြီးသွားတဲ့ ဗိုလ်လောင်းတွေကို စီနီယာဗိုလ်လောင်း ဒေါက်တင်ပေးခဲ့တာလို့ ဆိုပါတယ်။

ရာထူးတိုးမြှင့်ရေး အခမ်းအနားကို PSLF/TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဂေါင်ဆဲင်တို့က တက်ရောက်ကာ မိန့်ခွန်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းဒေသမှာရှိတဲ့ လူထုတွေရဲ့ ဘေးကင်းလုံခြုံရေး၊ တအာင်းဒေသကို ကာကွယ်နိုင်ရေးနဲ့ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်အောင် ကြိုးပမ်းရမှာဖြစ်ကြောင်း TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အခမ်းအနားသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဂေါင်ဆဲင်အပြင် ဗိုလ်သင်တန်းကျောင်းအုပ် ဗိုလ်မှူး တားအောင်မြတ်၊ သင်တန်းလေ့ကျင့်ရေးအရာရှိ‌၊ ATA ဗိုလ်သင်တန်းသားနဲ့ လူထု ၂၅၀ ဦးကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။