ဓာတ်ပုံ – SPM (ပုံဟောင်း)

မိုင်းရူပ၊ နိုဝင်ဘာ ၂၆ ရက်

စစ်ကောင်စီကို ပြန်လွှဲပေးရမယ့် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ တအာင်းတပ် TNLA ရဲ့ တပ်ဖွဲ့ဝင်တွေက ဖြန့်ကျက်နေရာယူထားတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးမိတ်မြို့ထဲမှာ TNLA ရဲ့ တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ ရောက်ရှိနေပြီး မြို့ပြင်က ကျေးရွာတွေမှာတော့ ကချင်တပ်မတော် KIA အပါအဝင် တော်လှန်ရေးတပ်တချို့ နေရာယူထားတာရှိတယ်လို့ မိုးကုတ်မြို့ထဲမှာ ရှိနေတဲ့ စစ်ရေးသတင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပတယ်။

“အခုက စကစဘက်က မြို့ထဲဝင်လာတာ မရှိသေးဘူး။ မိုးမိတ်၀န်းကျင်မှာ TNLA အပြင် KIA၊ ABSDF၊ SSPP၊ PLA နဲ့ ပကဖအဖွဲ့တော့ သူနေရာနဲ့သူတော့ ရှိကြတယ်။ TNLA ဆုတ်မယ့်ရက် အတိအကျမသိသေးပေမယ့် လကုန်မိုးကုတ်ဝင်ပြီးမှ မိုးမိတ်ရောက်မယ်ကြားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့ပေါ်ရှိ လူထုထက်ဝက်နီးပါးဟာလည်း တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်တာကြောင့် ဘေးလွှတ်ရာကို ကြိုတင်ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

မိုးကုတ်မြို့ပေါ်မှာလည်း လက်ရှိအချိန်အထိ TNLA ရဲ့ ရဲဌာနနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဆက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတာ မရှိသေးဘူးလို့ မိုးကုတ်မြို့ရှိ TNLA နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“သဘောတူပြီး အပစ်ရပ်တော့ TNLA ဘက်က မြို့ကို စစ်ကောင်စီလက်ထဲ အပ်ပေးရမယ့် အခြေအနေပေါ့။ လက်ရှိ မိုးကုတ်မှာ ရှေ့တန်းကနေ ပြန်လာတဲ့TNLA တပ်တွေ ရှိနေတော့ အင်အားများတယ်” လို့ ဆိုပါတယ်။

မိုးကုတ်မြို့ခံ ထက်ဝက်ကျော်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအပြင် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးနဲ့ ရန်ကုန် စတဲ့နေရာတွေမှာ တိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၁ ရက်မှာ ဝင်လာမယ်လို့ သတင်းတွေ ထွက်နေပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဒါ့အပြင် မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ ဝင်လာမယ့် စစ်ကောင်စီတပ်တွေကို TNLA ဘက်က လုံခြုံရေးပေးမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်တို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့ သဘောတူပြီးနောက် TNLA က ၎င်းတို့ ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။