ဓာတ်ပုံ- CJ

ရွှေဖီမြေ၊ အောက်တိုဘာ ၈ရက်

ဒီနေ့ အောက်တိုဘာ ၈ရက် မနက်ပိုင်း ၁၁နာရီဝန်းကျင်မှာ PSLF/TNLAထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ကို ပေါင် ၂၅၀ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရကာ နေအိမ် ၈လုံးထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

“ရဲစခန်းအကျော် တာလုံရပ်ကွက်ထဲကိုကျတာ။ ပေါင် ၂၅၀ ၂လုံးပစ်ပြီးတော့ ရော့ကဒ်ဒုံးနဲ့ ၄လုံးလောက်ထပ်ပစ်သွားတယ်။ သေတာက လင်မယားတွေပါ။ သူတွေကတော့ တစ်စစီဖြစ်ကုန်ပြီ”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ အောက်တိုဘာ ၇ရက်နေ့မှာလည်း မိုင်းလုံမြို့နယ်ထဲက မယ်ဟုန်းရွာကို ဗုံးကြဲတိုက်ခိုက်ပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ကျောက်မဲ၊သီပေါ၊နမ္မတူ၊နမ့်ဆန်နဲ့မန်တုံမြို့တွေကိုလည်း ရက်ခြား ဗုံးကြဲတိုက်ခိုက်နေပြီး အဲဒီဗုံးကြဲမှုကြောင့် လူသေဆုံးမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။