ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဇူလိုင် ၃၀ ရက်

စစ်ကောင်စီတပ်ဟာ စစ်နဲ့မဆိုင်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဟိုတယ်၊ တည်းခိုခန်းတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေလျက်ရှိနေတယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် – PSLF/TNLA က ဒီလိုစစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေတဲ့စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုံ့ချကြောင်း ဒီနေ့ ဇူလိုင် ၃၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေ ရပ်တန့်စေဖို့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို အကူအညီတောင်းခံကြောင်းလည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ​မြန်မာပြည်သူလူထုတို့ရဲ့ ဆန့်ကျင်တော်လှန်မှုတွေကို အလူးအလဲခံနေရတာကြောင့် ပြည်သူတွေကို ရန်သူသဖွယ် ရက်ရက်စက်စက်ချေမှုန်းလျက်ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်အာဏာရှင် ကျဆုံးလုနီးပါးဖြစ်နေတဲ့အခြေအနေကို အခွင့်ကောင်းရယူပြီး အရင်ကထက် မဟာဗျူဟာမြောက်တဲ့ တော်လှန်ရေးအစီအမံတွေနဲ့ စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြရန် တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း တိုက်တွန်းထားပါတယ်။

TNLA ထိန်းချုပ်ထားတဲ့မြို့တွေပေါ်မှာရှိတဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဟိုတယ် စတဲ့နေရာတွေကို စစ်ကောင်စီတပ်ကရဲ့ လေကြောင်းတိုက်လိုက်မှုကြောင့် တစ်လကျော်အတွင်း ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံလူထု ၃၂ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး ၈၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။