ဓာတ်ပုံ- TNLA

ရွှေဖီမြေ၊ ဇန်နဝါရီ ၉ ရက်၊ သီပေါ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ အဓမ္မပြုကျင့်မှုနဲ့ ဓားပြတိုက်မှု ကျူးလွန်ခဲ့သူ ၇ ဦးထဲက အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့ကြောင်း TNLA က မနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှာ ပြစ်မှု ကျူးလွန်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ဦးအောင်နိုင်စိုး၊ ၄၂ နှစ်အရွယ် ဦးရဲဟိန်းနဲ့ ၂၉ နှစ်အရွယ် ဇင်မင်းပိုင်တို့ကို TNLA ရဲ့ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က AAA ဓာတ်ဆီဆိုင်ရှေ့ ဆန်စက်ရုံမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းမိတဲ့ အဲဒီအမျိုးသား ၃ ဦးထဲမှ ဦးအောင်နိုင်စိုးဆိုသူဟာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှာ တပ်ကြပ်ကြီးစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဝန်ထမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဦးအောင်နိုင်စိုးနဲ့အတူ RPG7 ၁ လုံး၊ စကားပြောစက် အထိုင် ၁ လုံး၊ MA3 ကျည် ၄၇ ထောင့်၊ စလက်ကျည် ၁၉ ထောင့်၊ 60MM ၃ လုံး၊ M9 ၂ လုံး၊ M9 ပြူ ၇ ခု၊ ဘိန်းဖြူ ၁ ဘူး၊ ဘက်ထရီ W27000 Mah ၁ လုံး၊ ရာမ (မူးယစ်ဆေးပြား)ဗူးခွံ အလုံး ၂၀ ၊ ဓားအတို ၁ လက် စတဲ့သက်သေခံပစ္စည်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အထက်ပါ အမျိုးသား ၃ ဦးနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဝေဖြိုးအောင်၊ ငဖြိုး၊ အသားတု၊ ဇွဲပိုင်ထွန်းတို့ ၄ ဦးကတော့ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ အမျိုးသား ၃ ဦးကို PSLF/TNLA ရဲ့ သီပေါမြို့ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာြဖစ်ပြီး လွတ်မြောက်နေသူ ၄ ဦးကိုလည်း အမြန်ဆုံး ဖမ်းမိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း သီပေါမြို့နယ် ကျင်တီရွာမှာ အင်တာနက်လိုင်းသုံးဖို့ သွားတဲ့ အမျိုးသားတစ်ဦး လမ်းမှာ ဓားပြတိုက်ခံခဲ့ရပြီး ဖုန်း ၂ လုံး၊ ကားအပြင် ငွေသား အနည်းငယ်လည်း ပါသွားတယ်လို့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။