ဓာတ်ပုံ- SPM

ရွှေဖီမြေ၊ ဧပြီ ၁၂ ရက်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့နယ်အပြင် မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ ငလျင်ဘေးသင့် လူထုတွေအတွက် အလှူခံခဲ့ရာ သိန်း ၄ ထောင်ကျော် ရရှိခဲ့ကြောင်း PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနမှာ ဖော်ပြထားပါတယ်။

တအာင်းဒေသ မန်တုံ၊ နမ့်ဆန်နဲ့ ရှမ်းမြောက် နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲ၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ် စတဲ့နေရာတွေမှာ ကော်မတီ ဖွဲ့ပြီး အလှူခံခဲ့တာပဲ ဖြစ်ပါတယ်။

နမ့်ဆန်မြို့နယ်မှ သိန်း ၉၀၀ ကျော်၊ မန်တုံမြို့နယ်မှ သိန်း ၂၀၀ ကျော်၊ နမ့်ခမ်းမြို့နယ်မှ သိန်း ၁ ထောင်ကျော်၊ နမ္မတူမြို့နယ်မှ သိန်း ၄၀၀ ကျော်၊ ကွတ်ခိုင်မြို့နယ်မှ သိန်း ၄၀၀ ကျော် ၊ ကျောက်မဲမြို့နယ်မှ သိန်း ၂၀၀ ကျော်နဲ့ မိုးကုတ်မြို့နယ်မှ သိန်း ၁ ထောင် ကောက်ခံရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အလှူငွေတွေကို တအာင်းအရပ်ဖက် အဖွဲ့အစည်း- TCSOs နဲ့ မြို့နယ်အလိုက် တက်ကြွလူငယ် လူမျိုးပေါင်းစုံ ပူးပေါင်းပြီး ကောက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

ရရှိတဲ့ ငွေတွေကို ပထမဦးစားပေးအနေနဲ့ အင်းလေး၊ စစ်ကိုင်း၊ မင်းကွန်း၊ ပုလိပ် စတဲ့နေရာမှာ ကူညီပေးသွားမှာဖြစ်ပြီး ဒုတိယ ဦးစားပေးအနေနဲ့ ရှမ်းတောင် ကလောမြို့နယ် တောင်နီ၊ ပိန္နဲပင်၊ စေတီကုန်း စတဲ့နေရာတွေမှာ ကူညီပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။