မိုင်းဖိူမ်းဆငဲ၊ ဒီဇင်ဘာ ၁၂ ရက်၊ မိုးကုတ်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ မိုးကုတ်မြို့နယ်ထဲက ပိန်းပြစ်ရွာခံ လီဆူလူမျိုး ၃ ဦးကို ဂိတ်စောင့်တဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဥ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်မှာ မိုးကုတ်မြို့ထဲ ဈေးသွားဝယ်တဲ့ ဦးသိန်းလေး (၅၃ နှစ်)၊ ဦးဆီမီး (၄၅ နှစ်)၊ မောင်ဇီဆီး (၂၂ နှစ်) တို့ ပိန်းပြစ်ကျေးရွာကို ပြန်လာတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ​ဖြစ်ပါတယ်။

မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက “မိုးကုတ်မှာ အမျိုးတွေဖမ်းခံရလို့။ တပ်မတော်က ဖမ်းထားတာ။ အကျိုးအကြောင်းလည်း ဘာမှမသိရဘူး။ ဘယ်နားပို့ထားလဲ၊ အသက်ရှင်သေးလား မသိရဘူး။ ရိုးသားတဲ့ လီဆူတွေ ဖြစ်ကြပါတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေဟာ အဖွဲ့အစည်းတွေနဲ့ ပက်သက်ဖူးသူ မဟုတ်သလို နိုင်ငံရေးလှုပ်ရှားသူတွေမဟုတ်ဘဲ သာမာန်လက်လုပ်လက်စား ရွာခံဖြစ်တယ်လို့ သူက ဆက်ပြီး ပြောပါတယ်။

အဲဒီရွာခံ ၃ ဦးတို့ ဖမ်းဆီးခံရတာနဲ့ ပက်သက်ပြီး စစ်ကောင်စီတပ်ထံ ရပ်ရွာလူကြီးတွေက သွားရောက်အကူအညီ တောင်းခံတာရှိပေမဲ့ အတွေ့မခံတဲ့အပြင် ဆဲဆိုကျိန်မောင်းပြီး ပြန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ကို တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ တအာင်းတပ် – TNLA ထံ ပြန်ရယူပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်မှာ မြို့ထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

မြို့ထဲ ဝင်ရောက်လာပြီးနောက် ၃ ရက်အကြာ ဒီဇင်ဘာ ၂ ရက်မှာပဲ ဒေသခံ ၃ ဦးကို မသင်္ကာမှုနဲ့ စတင်ဖမ်းဆီးလာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။