ဓာတ်ပုံ – Local

ရဲမာန်၊ အောက်တိုဘာ ၂၆ ရက်၊ ပခုက္ကူ

မကွေးတိုင်း ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင် ပျူရွာရှိ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဇီမြေကိုပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီမှာ စစ်ကောင်စီတပ်ဖွဲ့က ၆၀ မမ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

“၆၀ မမနဲ့ ပစ်လိုက်တာက ပခုက္ကူမြို့နယ် ပြည့်အိုင်ရွာကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ပြင်းထန်ဒဏ်ရာရရှိပြီး အသက် ၅၃ နှစ်အရွယ်အမျိုးသားကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်”

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ပခုက္ကူမြို့နယ် ထန်းတပင်ရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ပခုက္ကူတပ်မ ၁၀၁ စစ်ကြောင်းက ညောင်ဂျစ်ပင် ပျူရွာဘက်ကို စစ်ကြောင်းထိုးလာ‌တာကြောင့် အရပ်သား ၆၀၀ ကနေ ၈၀၀ ကြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အဆိုပါစစ်ကြောင်းထိုးလာတာကြောင့် ပခုက္ကူမြို့နယ်ရှိ ရေလာကြီး၊ထန်းတပင်၊ ဖောင်ကျောင်း၊ဖောင်းကွဲ၊ ရေမျက်၊ပြည့်အိုင်၊ ရွာသာအေး ၊မြေပန်းတောင်း၊ စတဲ့ ကျေးရွာတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။