ရွှေဖီမြေ၊ ဇွန်လ ၂၇ ရက်၊ ၁၀၅ မိုင်
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တအာင်းတပ်မတာ်-TNLA က ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပြီးနောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စပြီးအုပ်ချုပ်တဲ့အချိန်ကစပြီး ၁၀၅မိုင်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ ရက်က လူမြင်ကွင်းရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မူးယစ်ဆေးဝါတွေဟာ ဘိန်းဖြူ ဆပ်ပြာခွက်-၁၂ ခွက်၊ အထုပ် ၂ ထုပ်၊ အချိုရည်ပိုက်အထဲမှာရှိတဲ့ ဘိန်းဖြူ ၂၂၃ ခု၊ Happy Water ၅၆ ထုပ်၊ ယာမစိတ်ကြွဆေးပြား ၁၂၆၆၀ ပြားနှင့် ဘိန်းမည်း ၁ ထုပ်တို့ ဖြစ်တယ်လို့ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ဇွန်လ ၂၆ ရက်မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အနေနဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။
လက်ရှိ ၁၀၅မိုင်မှာ နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်နေပြီး တရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေး စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။