မိုင်းရူပ၊ နိုဝင်ဘာ ၃၀ ရက်၊ မိုးကုတ်

တရုတ်ရဲ့ကြားဝင်မှုနဲ့ မနေ့ နိုဝင်ဘာ ၂၉ ရက် ညပိုင်းမှာ အင်အား ၁ ထောင်ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ထဲ ဝင်ရောက်လာပါတယ်။

စစ်တပ်ဟာ နောင်ချို-မိုးကုတ်လမ်းပိုင်းကနေတဆင့် မိုးကုတ်မြို့ထဲ ဝင်ရောက်လာတာဖြစ်ပြီး စစ်ကား ၁၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကားအစီးတစ်ရာဆို ပစ္စည်းတင်တဲ့ကားက ၂၀ ပေါ့။ အခုလက်ရှိ ခန့်မှန်းအင်အား မိုးကုတ်မြို့ထဲမှာ ၁၆၀၀ လောက် ရှိနိုင်တယ်။ လက်ရှိ မိုးကုတ်မြို့တွင်းမှာ အင်အား ဖြန့်ထားတယ်”

ဒီနေ့ နိုဝင်ဘာ ၃၀ ရက်နဲ့ မနက်ဖြန် ဒီဇင်ဘာ ၁ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ထပ်မံ ဝင်ရောက်လာဖို့ ရှိနေပြီး မိုးကုတ်ကနေတဆင့် မိုးမိတ်မြို့ထဲ ဆက်လက် ဝင်ရောက်လာမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီ ဝင်လာတဲ့ လမ်းကြောင်းတစ်လျှောက် TNLA တပ်ဖွဲ့ဝင်တွေ နေရာယူပြီး မြို့အဝင်အထွက်ကို ပိတ်ထားဆဲဖြစ်ကာ မိုးကုတ်မြို့ထဲ တအာင်းတပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် ဆက်ရှိနေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ခံ ၉၀ ရာခိုင်နှုန်းကျော်ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး တအာင်းတပ်ဘက်က မိုးကုတ်မြို့တွင်းကနေ ဆုတ်ခွာရင် တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်တို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစကာ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီး တအာင်းတပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးဖို့ သဘောတူခဲ့ပါတယ်။

လက်ရှိ မြို့အလွှဲအပြောင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ တအာင်းတပ်ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။