အိုက်ပွီး၊ သြဂုတ်လ ၂ ရက်၊ ထန်တလန်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မရာဒေသမှာ ချင်းကာကွယ်ရေးတပ် (မရာ) နဲ့ မရာနယ်မြေကာကွယ်ရေးတပ် (MDF) တို့ကြားက ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MDF ရဲ့ CDF Mara ဌာနချုပ်အနီးမှာ စစ်ရေးလှုပ်ရှားလာတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်ကတည်းက နှစ်ဖက်စစ်ရေးတင်းမာခဲ့ရာ မနေ့ သြဂုတ်လ ၁ ရက်နေ့မှစပြီး ဒီနေ့ သြဂုတ်လ ၂ရက် ညနေအချိန်ထိ တိုက်ပွဲပြင်းထန်နေပါတယ်။

အဲဒီတိုက်ပွဲကြောင့် အနီးအနားရှိ ကျေးရွာ ၅ ရွာက ပြည်သူတွေဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ တခြားကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဖြစ်စဥ်သိရှိသူ မရာဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ထွက်ပြေးတာက အရင်ရက်တွေ စစ်ရေးတင်းမာနေချိန်ကတည်း ပြေးကြတာလည်း ရှိတယ်။ အခုတိုက်ပွဲဖြစ်တော့ ကျန်နေတဲ့ ရွာထဲက လူတွေလည်း ထပ်ပြေးနေရတဲ့သဘောပါ။ တောတောင်တွေကို မှီခိုပြီးရှောင်နေတဲ့ သူတွေရှိသလို တချို့တွေက ရွာတွေမှာ ရှောင်နေတာလည်း ရှိတယ်။”

ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ နေရာထိုင်ခင်းတွေ၊ အမိုးအကာ၊ ဆန်၊ ဆီ၊ ဆားစတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေသလို အများစုဟာ ကလေးငယ်တွေ၊ အသက်ကြီးပိုင်တွေ ပါတဲ့အတွက် ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။

“တောထဲမှာ ထွက်ပြေးတိမ်းရှောင်သူတွေအတွက် တဲထိုးဖို့ အခင်းတွေ၊ အမိုးတွေ လိုအပ်တယ်။ ပြီးတော့ တောတောင်ထဲ၊ ရွာတွေမှာ တိမ်းရှောင်နေကြတဲ့သူတွေအတွက် ဆန်၊ ဆီ၊ ဆားတွေ လိုအပ်တယ်။ ဒါက အရေးပေါ် လိုအပ်ချက်ပါ။ စစ်ဘေးရှောင်ထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ၊ အသက်ကြီးပိုင်းတွေချည်းဖြစ်တယ်။ မိုးတွင်းကာလဆိုတော့ ကြာရင် ဆေးဝါးတွေလည်း လိုအပ်လာမယ်။”လို့ အထက်ပါ အမျိုးသားက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့မှာဖြစ်ပွားတဲ့ တိုက်ပွဲဟာ ပြင်းထန်တဲ့အတွက် နှစ်ဖက်ရဲဘော်တွေ ထိခိုက်ကျဆုံးမူ များတယ်လို့ မရာစစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

MDF ဟာ ချင်းညီနောင် CB အဖွဲ့ဝင်ဖြစ်ပြီး CDF Mara ဟာ ချင်းပြည်အစိုးရ CC အဖွဲ့ဝင်ဖြစ်ပါတယ်။

မရာဒေသမှာ MDF နဲ့ CDF Mara တို့ မရာလက်နက်ကိုင်အချင်းချင်းဟာ မကြာခဏ နယ်မြေစိုးမိုးမူ အငြင်းပွားမူတွေရှိပြီး ပစ်ခတ်မှုအထိ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်ကောင်စီထံမှ CDF Mara သိမ်းပိုက်ထားတဲ့ လိုင်လင်းပီမြို့ကို MDF က CDF Mara ထံမှ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ပြန်လည်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ လှည်ပတ်နေပြီ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။