ဓာတ်ပုံ – Saw Eh Khu

မိုင်းရူပ၊ ဇူလိုင် ၂၆ ရက်၊ ဒီးမော့ဆို

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့အနီးမှာ စစ်ကောင်စီစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် မိုးဗြဲ – လွိုင်ကော်လမ်းကနေ နန်းမယ်ခုံမြို့ဘက်ကို ထိုးစစ်ဆင်လာနေတာဖြစ်ပြီး နန်းမယ်ခုံမြို့တွင်းထဲ စစ်ကောင်စီတပ် ရောက်လာမှာကို စိုးရိမ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။

“အခုစကစ စစ်ကြောင်းက နန်းမယ်ခုံတော့ မရောက်သေးဘူးပေါ့နော်။ အခု စစ်ကြောင်းက မြို့နဲ့ နီးလာတော့ လက်နက်ကြီးနဲ့ လျှောက်ထုမှာ ကြောက်လို့ ရွှေ့ပြောင်းတဲ့ သဘောပေါ့” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ အမျိုသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဒီနေ့ ဇူလိုင်လ ၂၇ ရက်အထိ ကယ်ထုတ်နေဆဲဖြစ်ပြီး အများစုဟာ ဒီးမော့ဆိုအနောက်ခြမ်းနဲ့ နီးစပ်ရာဆွေးမျိုးတွေဆီမှာ တိမ်းရှောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးပြီး ထိုးစစ်ပြန်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး လက်ရှိအချိန်အထိ နန်းမယ်ခုံမြို့ကို ကရင်နီတော်လှန်ရေးတပ်တွေဘက် ထိန်းချုပ်ထားဆဲလို့ သိရပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့က မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၈ လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။