ဓာတ်ပုံ- Local (ပုံဟောင်း)

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၇ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က ညပိုင်းမှာ အပြင်ထွက်သူတွေကို ပေါ်တာဆွဲပြီး စစ်သင်တန်းသို့ ပို့ဆောင်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

တောင်ကြီးမြို့ပေါ်က လူအသွားအလာ များတဲ့နေရာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်က လိုက်လံ ဖမ်းဆီးနေတာလို့ တောင်ကြီးမြို့နေ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ပေါ်တာ ဆွဲတယ်ဆိုတာထက် မသင်္ကာလို့ ဖမ်းခေါ်စစ်ပြီးမှ စစ်မှုထမ်းသင်တန်း ပို့ကြတာ များတယ်။ စစ်မှုထမ်း ရောက်တဲ့သူတွေလည်း ထွက်ပြေးနေကြတာပဲ။ အဓိက က လူသွားလူလာများတဲ့နေရာတွေပေါ့။ တစ်နေရာတည်းလည်း မဟုတ်ဘူး။ ရှောင်တခင် လုပ်တာဆိုတော့ မထင်ရင် မထင်သလို လုပ်သွားတာပဲ”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ဖမ်းဆီးခံရပြီး စစ်သင်တန်း ပို့ဆောင်ခံရသူ အယောက် ၂၀ ဝန်းကျင် ရှိပြီလို့လည်း အထက်ပါ အမျိုးသားက ပြောပါတယ်။

တောင်ကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စစ်မှုထမ်းဖို့အတွက် မဲစာရင်းနှိုက်ခိုင်းပြီး မဲပေါက်လို့ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဆီကနေ ငွေ​ ယူကာ ယာယီလွတ်ငြိမ်းခွင့် ပေးထားတာတွေ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay YouTube

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။