ဓာတ်ပုံ- Facebook

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၉ ရက်၊ ဆီဆိုင်

ရှမ်းတောင် ဆီဆိုင်မြို့မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်‌တာကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဆီဆိုင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၄၂၃)က ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီကနေ ၁၀ နာရီအထိ လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့ ဆီဆိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ပစ်တာ။ ဘယ်ဘက်ကို ထုတာလဲတော့ မ‌သိဘူး။ မီးလုံး လှမ်းမြင်တာတော့ အနောက်တောင်တောင့်မှာ ပစ်တာ မြင်တယ်ရှင့်။ ကျမတို့ မရှောင်နိုင်တော့ဘူးလေ။ ဒုက္ခ တအား ရောက်တယ်။ အခုပြေးဖို့က လက်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိဘူး။ သူများတွေက ပိုက်ဆံ ရှိတဲ့လူတွေကတော့ ထွက်ပြေးကုန်ပြီ”

ဆီဆိုင်မြို့ပေါ်က ငွေကြေး တတ်နိုင်သူတွေကသာ အများဆုံး ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပြီး ငွေ​ မတတ်နိုင်တဲ့ တချို့ကတော့ ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲ ရှိနေတယ်လို့ သူမက ဆက်ပြောပါတယ်။

နီးစပ်‌ရာ ဆွေမျိုးနဲ့ တောင်ကြီးမြို့ပေါ် ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပြီး တချို့‌လည်း ဆီဆိုင်မြို့နယ်ထဲက တိုက်ပွဲ မဖြစ်တဲ့ ကျေးရွာပိုင်းမှာ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်ကလည်း ဆီဆိုင်မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၄၂၃)ကနေ ပအိုဝ်း တပ်မတော်- PNLA ဌာနချုပ် တည်ရှိရာ မောက်မယ်မြို့နယ် ဗန်းမက်‌ရွာကို လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။