ဓာတ်ပုံ – Shar Htet Paing

မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ သီပေါ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့အနီးရှိ ကုံးစုံရွာမှာ နေအိမ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးပြီးတော့ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ ကုံးစုံရွာမှ နေအိမ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ မိဘဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ သားဖြစ်သူက ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“နေအိမ်ထဲ ပေါက်ကွဲတာ။ လက်နက်ကြီးလား၊ ဗုံးလားတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့ ကလေးတွေကို မေးကြည့်နေဆဲပါ။ မိသားစုလိုက်ကို ထိတာ” လို့ သီပေါဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကုံစုံရွာဟာ အရင်က စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ၂၃ တပ်အနီးမှာ တည်ရှိပြီး မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် ဒေသခံတွေ မကြာခဏ ထိခိုက်သေဆုံးနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာလည်း သီပေါမြို့နယ် တုံစင့်ရွာမှာ က​ေလးငယ်တစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ကွတ်ခိုင်မြို့နယ် မုံးစီးမှာ စစ်လက်နက် အကြွင်းအကျန် ယူဆော့မိရာကနေ ကလေးငယ်တစ်ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီလအတွင်း ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်သေဆုံးသူ ၅ ဦး ရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးသူ ၁၈၈ ဦးနဲ့ ဒဏ်ရာရသူ ၈၆၄ ဦး ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့- UNICEF က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။