ဓာတ်ပုံ – Jobs for Kayah

မိုင်းရူပ၊ ဖေဖော်ဝါရီ ၉ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သိန်း ၂ ထောင်ဝန်းကျင် ဆုံးရှုံးမှု ရှိနိုင်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်းရှိ အညတရဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆီဆိုင်အနီးရှိ နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တောမီးကတဆင့် မီးပွား ကျမှုကြောင့် ကနဦး သိရှိရပါတယ်။ ရေသယ်ယူ ခက်ခဲတာရယ် ရေ ရနိုင်တဲ့နေရာ ဝေးလွန်းတာရယ်ကြောင့်ပါ။ ဓာတ်ဆီဆိုင် ဆီပေပါတွေ ဆိုင်နေအိမ် ၁ လုံး ဘေးကပ်ရပ်က စစ်ရှောင်နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်”

ရေရှားပါးမှုကြောင့် မီးကို ၁ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဘဲ ခန့်မှန်းတန်ဖိုး သိန်း ၂ ထောင်ဝန်းကျင် ဆုံးရှုံးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲလည်း နန်းမယ်ခုံမြို့က ဓာတ်ဆီဆိုင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီကာလဟာ ပူးပြင်းတဲ့ရာသီ ရောက်လာပြီ ဖြစ်တာကြောင့် တောမီးတွေ မရှို့ကြဖို့ လူမှုကူညီရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။