ဓာတ်ပုံ- MLA

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၉ ရက်၊ ရေး

မွန်ပြည်နယ် ရေးမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ မွန်ပြည် လွတ်မြောက်ရေးတပ်တော်- MLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၇ဝ ဦးခန့် သေဆုံးခဲ့ကြောင်း MLA က ဒီနေ့ ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရေးမြို့နယ် ကျုံးလောင်းရွာအနီး စစ်ကောင်စီ စကခ ၁၉ လက်အောက်ခံ ခလရ ၃၁၊ ၆၁၊ ၁၀၆၊ ခမရ ၂၉၉၊ ၃၄၃၊ ၅၈၆၊ ၅၈၇၊ ၅၈၃၊ ၅၉၁ နဲ့ အမတ ၃၁၆ က အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာရာ ဇန်နဝါရီ ၉ ရက်အပြင် ၁၁ ရက်နဲ့ ဒီနေ့အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး ဇန်နဝါရီ ၁၁ ရက်က လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူအပြင် ၃၀ ထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

MLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦးဟာ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။