ပုံစာ- မိုးကုတ်မြို့ကို တအာင်းတပ်နဲ့ ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်စဥ်

မိုင်းရူပ၊ ဇန်နဝါရီ ၁၉ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်မှုထပ်မံ ဖြစ်ပွားခဲ့ပြီးတော့ ငွေသားနဲ့ လက်ဝတ်ရတနာတချို့ ပါသွားပါတယ်။

ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီခွဲမှာ မိုးကုတ်မြို့အနောက်ပိုင်း ကမ္ဘာအေးရပ်ကွက်ရှိ နေအိမ်တစ်ခုကို လက်နက်ကိုင်ထားတဲ့ လူတစ်စုက ဓားပြတိုက်ခဲ့ရာ ငွေသား ၅၈ သိန်း၊ ရွှေ ၁ ကျပ်သား၊ ဖုန်းတစ်လုံးနဲ့ ကျောက် ၃ ပွင့် ပါသွားခဲ့ပါတယ်။

“သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဓားပြ တိုက်သွားတာ။ ဓားပြ လာတိုက်တဲ့လူ အရေအတွက်တော့ မသိရသေးဘူး။ အဓိကတော့ မူးယစ်ဆေးဝါးကြောင့်လို့ထင်တယ်။ ဖမ်းတော့ လိုက်ဖမ်းနေတယ်။ ဆက်ရှိနေတုန်းပဲ” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိအချိန်ထိ ဓားပြတိုက်သူကို PSLF/TNLA ဘက်က ဖမ်းဆီးရမိတာ မရှိသေးဘဲ ဓားပြတိုက်တဲ့အဖွဲ့တွေကို TNLA က လိုက်လံ ရှာဖွေနေပြီး မြို့လုံခြုံရေး တင်းကြပ်ထားတယ်လို့ နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“ဖမ်းမိတာတော့ မရှိသေးဘူး။ လုံခြုံရေးတွေ တင်းကြပ်တာတော့ ရှိတယ်။ ကာကွယ်ရေး၊ ရဲအင်အား၊ အုပ်ချုပ်ရေးအင်အားတွေ ထပ်ဖြည့်ထားတယ်”

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကစပြီး ဇန်နဝါရီ ၁၇ ရက်အထိ ၁ လနီးပါးအတွင်း မိုးကုတ်မှာ ဓားပြတိုက်မှု ၄ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်မှာ မိုးကုတ်မြို့ အနောက်ပိုင်း ညောင်ပင်ကြီးရပ်ကွက်ရှိ နေအိမ်တစ်ခုမှာ ပစ္စတိုသေနတ် ကိုင်ထားတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဓားပြ ဝင်တိုက်ရာ ငွေ ၇၄၈ သိန်းနဲ့ နားကပ်တစ်ရံ တန်ဖိုး သိန်း ၅၀ ခန့် စုစုပေါင်း တန်ဖိုး သိန်း ၈၀၀ နီးပါး ပါသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ၇ မိုင်ကျေးရွာက နေအိမ်တစ်ခုမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး လက်ဝတ်ရတနာတချို့ ပါသွားခဲ့ပါတယ်။

မိုးကုတ်မှာ ဓားပြတိုက်မှု မကြာခဏဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို စာပို့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

လက်ရှိ မိုးကုတ်မှာ TNLA တပ်ဖွဲ့အပြင် တခြားတော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ထက်မနည်းလည်း သွားလာနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။