ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဇန်နဝါရီ ၁၃ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲက နေအိမ်တစ်ခုမှာ ဓားပြတိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ရေဦးကြီးရပ်ကွက်မှာ လက်နက်ကိုင်ထားတဲ့ လူတစ်စုက နေအိမ်တစ်ခုမှာ ဓားပြတိုက်ခဲ့ရာ အိမ်ရှင်ဖြစ်သူကို ကြိုးတုတ်ထားစဉ် နေအိမ်ထဲ ဝင်လာတဲ့ အမျိုးသားတစ်ဦးကို ဓားပြတိုက်တဲ့သူက ပစ်ခတ်တာကြောင့် သေဆုံးသွားတာပဲ ဖြစ်ပါတယ်။

“သေသွားတဲ့ အမျိုးသားက ဧည့်သည်ပဲ။ တရုတ်လူမျိုးလို့ သိရတယ်။ ဓားပြတွေက အိမ်ရှင်ကို ကြိုးနဲ့ တုတ်ထားတဲ့အချိန်မှာ သူက အိမ်ထဲ ဝင်လာတာ။ ပစ်လိုက်တော့ ဆုံးသွားတာ” လို့ ဖြစ်စဉ်ကိုသိရှိတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဓားပြတိုက်မှုကြောင့် ပါသွားတဲ့ပစ္စည်းနဲ့ အရေအတွက်ကို မသိရသေးဘဲ ဓားပြတိုက်သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ TNLA က လိုက်လံ ရှာဖွေနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ မိုးကုတ်မှာ TNLA အပြင် တခြားတော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ထက်မနည်းလည်း သွားလာနေကြကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ၇ မိုင်ရွာက နေအိမ်တစ်ခုမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး လက်ဝတ်ရတနာတချို့ ပါသွားခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာ ၂၇ ရက်က TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်ကြားရှိ ကျင်တီရွာအနီးမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။