ဓာတ်ပုံ – Jobs for Kayah

မိုင်းရူပ၊ ဇန်နဝါရီ ၂၉ ရက်၊ ဖရူဆို

ကရင်နီပြည် ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုပြဿနာ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်နဲ့ အကူအညီ ပေးနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ခြမ်း အရှေ့ခြမ်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းမှာ ရှိကြတဲ့ စစ်ဘေးရှောင်စခန်းမှာ ချောင်းရေ ခန်းခြောက်လာပြီး တချို့စစ်ရှောင်စခန်းမှာ ရေကို အကန့်အသတ်နဲ့ သုံးနေရတယ်လို့ စစ်ရှောင်တွေကို အကူအညီ ပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တချို့က ရေ ရနိုင်တဲ့ နေရာတွေကို ရေပုံးဝါတွေ စုတင်ပြီး တချို့က စက်ပေါ် ကားပေါ်မှာ မိုးကာခံပြီး သွားသယ်ရတယ်။ အလှူရှင်တွေ မရောက်နိုင်တဲ့ စစ်ရှောင်စခန်းမှာဆိုရင် စစ်ဘေးရှောင်တွေ ဒီဇယ်ဖိုးစုပြီး ခပ်ရတာတွေ ရှိတယ်။ ရေ ရလာတဲ့အခါလည်း တစ်နေ့ ၂ ပုံးနှုန်းနဲ့ သုံးစွဲရတယ်။ သုံးစွဲဖို့က ထမင်းဟင်း ချက်ပြုတ်ဖို့အတွက်ပဲ။ ရေချိုးဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ဖို့ မပါဘူး”

ကရင်နီပြည်ရှိ စစ်ရှောင်စခန်းမှာ နွေရာသီရောက်တိုင်း နှစ်စဥ်လိုလို ရေရှားပါးမှု ကြုံနေရပြီး အကူအညီ လိုအပ်နေတယ်လို့ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တချို့ကြတော့ တောင်ကျရေကိုပဲ သောက်နေရတယ်ဆိုတော့ အခုက နွေရာသီရောက်တော့မယ်ဆိုတော့ ချောင်းရေတွေလည်း ခန်းခြောက်လာတယ်။ လာမယ့် လတွေမှာ ရေရှားမှုပြဿနာက ပိုကြုံရနိုင်တယ်”

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်တပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သိန်း ရှိတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။