ဓာတ်ပုံ – CJ

မြတ်နိုး၊ ဖေဖော်ဝါရီ ၂၂ ရက်၊ မံစီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံသာ(မံစီ)ကျေးရွာအုပ်စု မံသာ (မံစီ)ရွာမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ထိခိုက်မှု၊ သေဆုံးမှုရှိကြောင်း ဒေသခံတွဆီက သိရပါတယ်။

“ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မံသာ(မံစီ)ရွာမှာ စစ်ကောင်စီက Y-12 တိုက်လေယာဉ်နဲ့ ဗုံး လာကြဲသွားတာပါ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ညနေ ၄ နာရီကနေ ၄ နာရီခွဲအထိ ဗုံး ၄ လုံး လာကြဲသွားပြီး ပေါက်ကွဲသံ ၁၂ ခါ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

“နေအိမ် ၃ အိမ် ထိခိုက်ပျက်စီးသွားတယ်။ အသက် ၈ နှစ်အရွယ် မောင်ငွါးဆာလနဲ့ အသက် ၂၀ အရွယ် မယာမဆီး သေဆုံးသွားတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၃ ဦးရှိပြီး အသက် ၈ လအရွယ် ငွါးယေမီးက ဘယ်ဘက်ပါးနဲ့ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရပြီး အသက် ၁၀ နှစ်အရွယ် မောင်လုကာက ညာဘက်ပါင်မှာ ထိခိုက်ဒဏ်ရာရကာ ၂၇ နှစ်အရွယ် ဒေါ်ထွန်းစန္ဒာက ဘယ်ဘက်လက်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ဗန်းမော်မြို့ရဲ့ တစ်ဖက်ကမ်းက စစ်ရှောင်တွေရှိတဲ့ ရေလဲရွာဘက် တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၂ နာရီခန့်ကလည်း မိုးမောက်မြို့နယ် ဝက်ငင်းနဲ့ နှင်းအီရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် မိသားစု ၇ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။