ဓာတ်ပုံ- Local

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၂၀ ရက်၊ နမ့်ခမ်း

တအာင်း‌တပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ပန်လော်ကျေးရွာမှာ ကျောင်းသူ ကျောင်းသား ၉၀ ဝန်းကျင်ရှိပြီး စာသင်ကြားဖို့အတွက် ကျောင်းဆောင် မလုံလောက်တာကြောင့် အခက်တွေ့နေကြပါတယ်။

ကလေးတွေ စာသင်ဖို့ ကျောင်းဆောင် မလုံလောက်တာအပြင် ဆရာဆရာမတွေအတွက် ရုံးခန်းလည်း မရှိသေးတာကြောင့် အခက်အခဲ ကြုံနေရတယ်လို့ ပန်လော်ရွာမှ ကျောင်းကော်မတီဝင် မိုင်းညီလောတ်က ရွှေဖီမြေကို ပြောပါတယ်။

“ကျောင်းမှာတော့ ၉ တန်းအထိ ရှိတယ်။ ဆရာမတွေရဲ့ နားဆောင်ထဲ စာ‌သင်ပေးနေရတာ။ ကလေးတွေကို စာသင်ပေးတဲ့အချိန်ဆိုရင်လည်း အခန်းတွေ တအားကပ်တော့ စာသင်ပေးရတာ မ‌ပြေလည်ဘူး။ ဝါးထရံနဲ့ပဲ ခြားတယ်ဆိုတော့ ကလေးတွေက ဆူညံနေ‌တာ။ စာသင်ပေးတဲ့အချိန်လည်း အာရုံမစိုက်နိုင်ဘူး”

ကျောင်း‌ဆောင်နဲ့ ရုံးခန်း ပြန်ဆောက်ဖို့အတွက် ကျေးရွာခံတွေက တတ်နိုင်တဲ့ ငွေအားနဲ့ ဝိုင်းဝန်းကူညီကြပေမဲ့ မလုံလောက်တာကြောင့် ကျောင်းဆောင်အသစ် ပြန်ဆောက်နိုင်ဖို့အတွက် အကူအညီ လိုအပ်နေတယ်လို့ မိုင်းညီလောတ်က ဆက်ပြောပါတယ်။

ပ‌န်လော်ရွာက စာသင်ကျောင်းဟာ စစ်‌တပ်အာဏာသိမ်းပြီးကတည်းက ကျောင်းပိတ်ထားခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ တအာင်းပြည် ပညာရေးကောင်စီ- TLEC က စာသင်ကျောင်း ပြန်လည် ဖွင့်‌လှစ်‌ ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။