ဓာတ်ပုံ- SPM

မိုင်းအနိုင်၊ ရွှေဖီမြေ

ယောလူမျိုးစု တိုင်းရင်းသားတွေဟာ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်နဲ့ ကျောမြို့နယ်တွေမှာ အများဆုံးနေထိုင်ကြပြီး စစ်တပ်အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ မျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းယူပြီးပြီးချင်းမှာတော့ ယောလူမျိုးတွေဟာ အများနည်းတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှု၊ ဆန္ဒပြသူတွေကို မတရားဖမ်းဆီးမှုတွေကြောင့် ယောလူမျိုးဟာ ဆန္ဒပြရာကနေ လက်နက်ကိုင်တော်လှန်ရတဲ့ အခြေနေထိ ဖြစ်လာခဲ့ပါတယ်။

ယောလူမျိုးတို့ နေထိုင်ရာ ဒေသတွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတာကြောင့်နဲ့ ငွေကြေးအင်အား ခက်ခဲပြီး လက်နက်ရရှိမှု နည်းပါးတာကြောင့် ရိုးရာလုပ် တူမီးသေနတ်နဲ့ လက်လုပ်မိုင်းတွေနဲ့သာ စစ်ကောင်စီကို တော်လှန်ခဲ့ရပြီး တချို့စစ်ဆင်ရေးတွေမှာ ထိရောက်မှုရှိခဲ့ပြီး တချို့စစ်ဆင်ရေးတွေမှာတော့ ယောတော်လှန်ရေးအဖွဲ့တွေဘက်က ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ယောဒေသရှိ ကျေးရွာအများစုကို တော်လှန်ရေးတွေတပ်က ထိန်းချုပ်နိုင်ကြပြီး ကျေးရွာမှာ အုပ်ချုပ်ရေး ယန္တယားတွေလည်း တည်ဆောက်ထားကြပါတယ်။

မြို့အနီးနဲ့ စစ်တပ်စခန်းတွေ အထိုင်ချထားတဲ့ ကျေးရွာတွေမှာတော့ ပျူရွာတွေရှိနေပြီး အဲရွာတွေနဲ့တော့ အဆက်ဖြတ်ထားကြပါတယ်။

လူအင်အားအများအပြားရှိပေမယ့် လက်နက်အင်အား မမျှတခြင်းကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုးလာရင် ရွာလုံးကျွတ် ထွက်ပြေးနေကြရဆဲဖြစ်ပြီး ထွက်မပြေးနိုင်သူတွေကတော့ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေလည်း မကြာခဏဖြစ်ပွါးနေပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းက ယောလူမျိုးစု ရွာတစ်ရွာက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးကတော့ “ဒီရွာမှာ တစ်ဝက်လောက်က စစ်ရှောင်တွေပဲ။ ထွက်ပြေးလာတော့ ကျွန်တော်တို့က တော်လှန်ရေးအင်အားစုတွေ အချင်းချင်းဆိုတော့ ကူညီကြတာပေါ့။ ဒီမှာ အိမ်တွေ ခွဲပြီးနေကြတယ်။ ပြီးရင်တော့ အဆင်ပြေတဲ့ အိမ်တွေမှာ နေ့စားသွားလုပ်ပြီး ဖြတ်သန်းကြတယ်။ ကျွန်တော်တို့ ပြေးရရင်လည်း အခြားရွာက အဲလိုလုပ်ပေးမှာပဲ။ ခေတ်ကိုက ဒီတိုင်းဖြစ်နေတာ” လို့ ဆိုပါတယ်။

အဲရွာက စစ်ရှောင်လာကြသူတွေ အားလုံးနီးပါးဟာ နေအိမ်မီးရှို့ခံထားရတဲ့ ယောလူမျိုးစုတွေ ဖြစ်ကြပါတယ်။

ယောလူမျိုးစုတွေဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်ကြသူတွေဖြစ်ပြီး ရှေးကျတဲ့ လူမျိုးဖြစ်သလို ပုဂံခေတ် ကျောက်စာမှာပါတဲ့ စာတွေအတိုင်း လေယူလေသိမ်း စကားအသုံးနှုန်းတွေကို အသုံးပြုနေကြဆဲ လူမျိုးလည်း ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်က အာဏာရှင်တွေက ယောလူမျိုးတွေရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာ၊ ဖြစ်တည်မှုတွေကို လျစ်လျူခဲ့ကြပြီး ယောလူမျိုးတွေရဲ့ သဘောဆန္ဒကို မခံယူဘဲ ဗမာလူမျိုးစု (၉) မျိုးအောက်မှာ ထည့်သွင်းခြင်း ခံခဲ့ရပါတယ်။

မှတ်ပုံတင်မှာလည်း ယောလူမျိုးတွေရဲ့ မိမိကိုယ်မိမိ ရပ်တည်ခွင့်ကို တားဆီးပိတ်ပင်တာတွေ ကိုယ်ပိုင်ဝိသေသ လက္ခဏာ မှေးမိန်ပျောက်ကွယ်အောင် အာဏာရှင်ခေတ်အဆက်ဆက်က ကြိုးစားအားထုတ်ခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွါးတွေမှာလည်း ခေတ်အဆက်ဆက် နောက်ကျခဲ့ပြီး လျစ်လျူခံထားရတဲ့ လူမျိုးစုတစ်ခုဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွါးတွေမှာလည်း ခေတ်အဆက်ဆက် နောက်ကျခဲ့ပြီး လျစ်လျူခံထားရတဲ့ လူမျိုးစုတစ်ခုဖြစ်ပါတယ်။

အရပ်သားတစ်ပိုင်း စစ်အစိုးရတစ်ပိုင်းခေတ် ရောက်ခါမှ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးတွေ အသိပညာတွေ အနည်းငယ်ပွင့်လာပြီး အမျိုးသားတန်းတူရေးနဲ့ ဆုံးရှုံးနေတဲ့ သူတို့အခွင့်အရေးတွေကို သိလာခါမှ အာဏာသိမ်းမှုကို ထပ်မံကြုံတွေ့လာရပါတယ်။

စစ်တပ်ရဲ့ ဖိနှိပ်မှု၊ နေအိမ်မီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ခံနေရပေမယ့် ယောလူမျိုးတွေရဲ့ တော်လှန်ရေး စိတ်အားထက်သန်မှုဟာ မြင့်တက်နေဆဲဖြစ်ပြီး လူထုတွေကိုယ်တိုင်က တတ်နိုင်တဲ့ဘက်က တော်လှန်ရေးမှာ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေ ရွာထဲဝင်လာရင် မရှိရှိတဲ့ ဟင်းလေးတွေ၊ အစားအသောက်လေးတွေကို အိမ်တိုင်းစေ့ လင်ပန်းနဲ့ ခေါင်းပေါ်ရွက်ပြီး လာပို့တဲ့ အလေ့အကျင့်ဟာ သူတို့ဒေသအတွက် ဓလေ့တစ်ခုလို ဖြစ်နေပါတယ်။

“ဒီလိုလုပ်တာက ပုံမှန်ပါပဲ။ ဘယ်အဖွဲ့လာလာ တော်လှန်ရေးတပ်မှန်ရင် အကုန်တူတူပဲလေ။ ရှိတာလေးနဲ့ လုပ်ကျွေးကြတာပေါ့။ အဲထဲမှာ စစ်ရှောင်တွေလည်း အများကြီးပါတယ်” လို့ ရပ်ရွာ ပြည်သူ့အုပ်ချုပ်ရေး ခေါင်းဆောင်တစ်ဦးက ထပ်ပြောပါတယ်။

ဒါကြောင့် ဘယ်လိုအခြေနေရောက်ရောက် အာဏာရှင်ရှိနေသ၍ ယောလူမျိုးတွေရဲ့ တော်လှန်ရေး ဆက်ရှိနေအုန်းမယ့် အနေထားကို မြင်တွေ့နေရပါကြောင်းပါခဗျာ။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။