ဓာတ်ပုံ – SPM

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၂ ရက်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသနဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ “ဝ”ဒေသကို ဆက်သွယ်ထားတဲ့ တံတား ၂ ခုမှာ ၂၄ နာရီ ဖြတ်သန်းသွားလာနိုင်ပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်ဒေသက ကွမ်းလုံမြို့နဲ့ “ဝ”ဒေသ ဟိုပန်မြို့ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားနဲ့ နမ့်တစ်-ချင်းရွှေဟော်ကို ဆက်သွယ်ထားတဲ့ နမ့်တစ် ညီနောင်တံတားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကစပြီး လွတ်လပ်စွာ သွားလာခွင့်ပြုပြီ ဖြစ်ပါတယ်။

“အရင်က ည ၆ နာရီ ဂိတ်ပိတ်တာနဲ့ ဘယ်ကားမှ သွားလာခွင့် မပြုဘူး။ အခုက ဂိတ်ကို ၂၄ နာရီလုံးလုံး ပြန်လည် ခွင့်ပြုတဲ့ သဘောမျိုးပေါ့” လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အရင်က အဲဒီတံတား ၂ ခုမှာ သတ်မှတ်ထားတဲ့အချိန်သာ ဖြတ်သန်းသွားလာခွင့်ရပြီး လက်ရှိမှာ ကုန်ပစ္စည်းတွေကိုလည်း လွတ်လပ်စွာ သယ်ယူခွင့် ပြုထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

MNDAA ကလည်း ကိုးကန့်ဒေသနဲ့ “ဝ”ဒေသကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားနဲ့ နမ့်တစ် ညီနောင်တံတားကို ၂၄ နာရီ ဖြတ်သန်းသွားလာနိုင်ပြီလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အဲဒီထုတ်ပြန်ချက်ကို ပြန်လည် ဖြုတ်ချခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ပြီးနောက်ပိုင်း စစ်တပ်ကို တိုက်ခိုက်နေတဲ့ ကိုးကန့်တပ်ကို ဖိအားပေးတဲ့အနေနဲ့ တရုတ်က ကိုးကန့်နဲ့ “ဝ”ဒေသအကြား ကုန်ပစ္စည်း သယ်ယူခွင့်ကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်နဲ့ စစ်တပ်အကြား အပစ်ရပ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ဝ ရက်မှာ ကိုးကန်နဲ့ “ဝ”ဒေသအကြားက ကုန်ပစ္စည်း သယ်ယူခွင့်ကို တရုတ်နိုင်ငံရဲ့ သဘောတူညီမှုနဲ့ ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။