ဓာတ်ပုံ – Local

အင်းငယ်၊ ဇန်နဝါရီ ၂၉ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂၈ ရက်ကစပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းအတွင်း စစ်တပ်က စစ်ကြောင်း ထိုးလာပြီးနောက် လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် ညဘက် သွားလာခွင့် ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။

မြေပြင်အရင်းအမြစ်တစ်ဦးက “စကစဖက်က လက်နက်ကြီး ညတိုင်း ထုနေလို့ ပိတ်ထားတာပါ။ အကြာကြီး ပိတ်ထားလို့ မရတာ အကုန်လုံး သိပါတယ်။ ဒေသခံတွေရော၊ စစ်ဘေးရှောင်တွေရော လုံခြုံရေးသတိ ရှိစေချင်ပါတယ်။ ဗုံးခိုကျင်းတွေ တူးထားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ညဘက် ၇ နာရီမှ မနက် ၅ နာရီအတွင်း ဖြတ်သန်းခွင့်မရှိဆိုတဲ့ ထုတ်ပြန်ချက်ဟာ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်၊ ဒေသခံနဲ့ တပ်ရင်းတပ်ဖွဲ့ဝင်အားလုံး ပါဝင်ပြီး ကျူးလွန်ဖောက်ဖျက်သူကို ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကန့်သတ်ချိန်အတွင်း သွားလာသူကို တင်းတင်းကြပ်ကြပ် စစ်ဆေးသွားမှာဖြစ်ပြီး ဒဏ်ငွေအနေနဲ့လည်း ဆိုင်ကယ် ၅ သောင်း၊ ကား ၁ သိန်းကျပ်အထိ ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း နေထိုင်တဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “နယ်မြေအခြေအနေကတော့ ညတိုင်း ပစ်နေတာပဲ။ မထွက်ရင်တော့ အကောင်းဆုံးပေါ့။ ဒီအချိန် ဘာအမိန့်မှ မထုတ်လည်း ထွက်တဲ့လူ မရှိလောက်ပါဘူး။ လက်နက်ကြီးကတော့ လေကြောင်းနဲ့စာရင် တော်သေးတယ် ပြောရမှာပေါ့နော်” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီ စစ်ကြောင်း ထိုးလာပြီးနောက်ပိုင်း မနေ့ ဇန်နဝါရီ ၂၈ ရက်မှာ လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်စခန်းအနီးတစ်ဝိုက်၊ လယ်ကွင်းနဲ့ တောင်ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၅ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်တပ်က လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပါသေးတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း လူထိခိုက်မှု မရှိခဲ့ပေမဲ့ နယ်မြေလုံခြုံရေးအရ မြို့နယ်အုပ်ချုပ်ရေးကောင်စီက ညဘက် သွားလာခွင့် ကန့်သတ်လိုက်တာဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်အတွင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ဝင်က လက်ရှိမှာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်ကို လှည့်လည်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။