ရွှေဖီမြေ၊ ဇွန်လ ၃ ရက်၊ မန်တုံ

တအာင်းဒေသ မန်တုံနဲ့ နမ့်ဆန်မြို့ထဲ နေထိုင်ပြီး အာဏာသိမ်း စစ်ကောင်စီထဲ တာဝန်ထမ်းဆောင်သူ ၂ ဦးရဲ့ နေအိမ်ကို တအာင်းတပ်မတော်- PSLF/TNLA ဘက်က ချိတ်ပိတ်လိုက်ပါတယ်။

ချိတ်ပိတ်လိုက်တဲ့ အိမ်ဟာ နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်ရှိ ဦးရွှေကြိမ်း နေအိမ်နဲ့ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ထဲက ဦးသိန်းဇော်ရဲ့နေအိမ်ဖြစ်ပြီး ဦးရွှေကြိမ်း နေအိမ်ကို မေလ ၂၁ ရက်နဲ့ ဦးသိန်းဇော်ရဲ့နေအိမ်ကိုတော့ မေလ ၃ဝ ရက်က ချိတ်ပိတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဦးရွှေကြိမ်းဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ဦးသိန်းဇော်ကတော့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဦးစီးဥက္ကဌအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

ဦးသိန်းဇော်က ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲမှာ တအာင်းပါတီ ကိုယ်စားပြု မန်တုံမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး ဦးရွှေကြိမ်းကတော့ ဗဟို တအာင်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီမှာ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီထဲ ဦးရွှေကြိမ်းနဲ့ ဦးသိန်းဇော် ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တာကြောင့် မြို့နယ်အလိုက်ရှိ တအာင်းလူငယ်အဖွဲ့နဲ့ တအာင်းအရပ်ဖက် အဖွဲ့အစည်းက ၎င်းတို့ ၂ ဦးအပြင် ဦးခင်ဇော်လှိုင်ခေါ် ကိုသားငယ်ကို လူမှုရေးပြစ်ဒဏ် ရာသက်ပန် ပေးလိုက်ကြောင်း ၂ဝ၂၁ ဧပြီ ၆ ရက်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။